Pages

Sunday, November 16, 2014

ဒုတိယ ရင်သွေးလေးကြောင့် ရုပ်ရှင်ကားကြီး နှစ်ကား လက်လွှတ်လိုက်တဲ့ အိန္ဒြာကျော်ဇင်

RangonNewsDaily:: November . 16 .2014
အူဝဲလို့ ချစ်စနိုးခေါ်ကြတဲ့ အိန္ဒြာကျော်ဇင်ဟာ ကားရိုက်တွေကို စီစစ်လက်ခံပြီး ပရိသတ်အတွက် တစ်ကားဆိုတစ်ကား ပေးနိုင်ဖို့ ကြိုးစားခဲ့သူပါ။ ဒါ့အပြင် အိမ်ထောင်ကျပြီးကာမှ အနုပညာအလုပ်မှာ ကံတွေ စန်းတွေတက်လာတဲ့ ထပ်ဆင့်အကယ်ဒမီပြေတီဦးနဲ့လည်း သာယာတဲ့ အိမ်ထောင်ရေးမိသားစု ထူထောင်နိုင်ခဲ့သူမို့ သူမတို့ရဲ့ မိသားစုဘ၀လေးကို အားကျတဲ့လူတွေ ဒုနဲ့ဒေးပါပဲ။
လက်ရှိမှာ သမီးဦးလေး ပြေသုဒြာကို ပိုင်ဆိုင်ထားသလို ဒုတိယရင်သွေးလည်း လွယ်ထားပြီလို့ သိရတာကြောင့် သူမရဲ့ စိတ်ခံစားချက်ကို မေးမြန်းကြည့်မိတဲ့ခါ “ခု ဒုတိယ ရင်သွေးလေးက ၁ လလောက်ပဲ ရှိပါသေးတယ်။ အူဝဲ သိသိချင်းပဲ ပရိသတ်ကို ပြောပြလိုက်တာပါ။ ဒုတိယ ရင်သွေးလေးက လိုချင်နေတာ ကြာပါပြီ။

ဒါပေမဲ့ခု မှ ရတယ်ဆိုတော့ ၀မ်းသာတယ်ပေါ့နော်။ အိမ်က လူတွေကလဲ ပျော်နေကြတယ်။ အူဝဲကိုယ်တိုင်လဲ လိုချင်နေတဲ့ချိန်မှာ ရှိနေတယ်ဆိုတာ သိရတော့ အတိုင်းမသိပါပဲ။ ခု ဒုတိယရင်သွေးလေး ရှိသွားတဲ့တွက် ၂၀၁၅ မှာ လက်ခံထားတဲ့ ရုပ်ရှင်ကားကြီး နှစ်ကားကို လက်လွှတ်လိုက်ရတယ်။ 

အဲ့ဒီကား နှစ်ကားလုံးက အူဝဲတွက် အရမ်းကို ကြီးမားတဲ့ အခွင့်အရေးတစ်ခုပေါ့။ အဲ့ဒီဟာတွေ ဆုံးရှုံးတဲ့ပေါ်မှာလဲ အူဝဲ ဘယ်လိုမှမခံစားဘူး။ အရင်က စိတ်နဲ့ဆိုရင်တော့ တော်တော်လေး နှမြောမိမှာပေါ့နော်။ ခုတော့ ဒုတိယကလေးလေး အတွက်ဆိုတော့ သိပ်မခံစားရဘူး။ ကလေးကိုပဲ ခေါင်းထဲမှာ ရောက်နေတော့လေ။

 ခု အနုပညာ အလုပ်တွေကို နားလိုက်ပြီ။ ဘာလို့လဲဆိုတော့ ကိုယ်ဝန် ရင့်လာတဲ့အခါကျရင်လဲ နားရမဲ့ အတူတူ ခုကတည်းကတင်ပဲ လျှော့ပစ်လိုက်တယ်။ ကျန်းမာရေးကို ပိုဂရုစိုက်ဖြစ်တယ်။ အစားအသောက် အနေအထိုင် အသွားအလာက အစပေါ့။ ဘာပဲဖြစ်ဖြစ် ဒုတိယရင်သွေးလေးရလာလို့လဲ ပြေသုဒြာလေးပေါ် အချစ်မလျော့ပါဘူး။ 

အရင်တိုင်းပါပဲ။ သူက အူဝဲတို့ရဲ့ သက်ဦးသမီးလေး ဆိုတော့လေ။ ပရိသတ်တွေကို ပြောချင်တာကတော့ အူဝဲကို အနုပညာနဲ့ပတ်သတ်ပြီး ပရိသတ်တွေကို နားလည်ပေးပါလို့။ ခု ရင်သွေးလေး လွယ်ထားရတဲ့အတွက် အနုပညာကို အရင်ကထက် လျှော့လိုက်ရတယ်။ အဲ့ဒါလေးကိုလဲ နားလည်ပေးစေချင်ပါတယ်။

 ပြီးတော့ ဒုတိယရင်သွေးလေးနဲ့ပတ်သတ်ပြီး ပရိသတ်ကြီးလဲ အူဝဲတို့နဲ့အတူ ၀မ်းသာပျော်ရွှင်လိမ့်မယ်လို့ အူဝဲထင်တယ်။ အဲ့ဒါကြောင့် အူဝဲ သိသိပြီးချင်း ပရိသတ်ကို ပြောပြလိုက်တာပါ” လို့ သူမက ဖွင့်ဟသွားပါတယ်။

Trend Myanmar, 
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment