Pages

Sunday, November 16, 2014

ဘာသာတရား တစ်ခု နှင့် တစ်ခုအကြား လေးစားမှုကို တစ်ဦးချင်းစီက စတင် လုပ်ဆောင်ရန် အိုဘားမား တိုက်တွန်း

RangonNewsDaily:: November . 16 .2014
ဘာသာတရား တစ်ခု နှင့် တစ်ခုအကြား လေးစားမှုကို တစ်ဦးချင်းစီက စတင် လုပ်ဆောင်ရန် ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမ၌ အာဆီယံ လူငယ်များ နှင့် တွေ့ဆုံစဉ် အမေရိကန်သမ္မတ အိုဘားမားက တိုက်တွန်း ပြောကြား လိုက်သည်။
““လူတိုင်း ဘာသာ တူညီမှု ရှိတယ်ဆိုတဲ့ အခြေခံ အချက်ကို ကြည့်ပြီး တစ်ယောက် နဲ့ တစ်ယောက် လေးစား ချစ်ခင်ပြီးတော့ လုပ်ရမှာပါ။ လူတိုင်းဟာ ထင်မြင်ချက်တွေကို ကြောက်ရွံ့မှု မရှိဘဲနဲ့ လုပ်ပြနိုင်ဖို့၊ ဖိနှိပ်မှု မခံရဖို့ တစ်ယောက်စီတိုင်းက စရမှာပါ””ဟု အိုဘားမားက ပြောကြားခဲ့သည်။

ကဗ္ဘာပေါ်ရှိ တိုင်းပြည်များတွင် ဘာသာရေးကြောင့် ကွဲပြား ခြားနားမှု ဖြစ်ကာ စစ်ပွဲများ ဖြစ်ပေါ် နေကြကြောင်း၊ သို့သော်လည်း ယုံကြည်ချက် တူညီသော အချက်များကို ပူးပေါင်း လုပ်ဆောင်ရမည် ဖြစ်ကာ ၎င်းကိစ္စသည် နိုင်ငံတစ်နိုင်ငံ အတွက် အရေးကြီး ကြောင်းလည်း အိုဘားမားက ပြောသည်။
::
ထိုကဲ့သို့ တူညီသော အချက်များကို ရွေးချယ် နေထိုင်ရာတွင် အစိုးရ အနေဖြင့် ကူညီရမည် ဖြစ်သကဲ့သို့ တစ်ယောက် နှင့် တစ်ယောက် စိတ်ရှည် သည်းခံရန် လိုအပ်ကြောင်းလည်း ၎င်းကဆိုသည်။ အမေရိကန် ပြည်ထောင်စုသည် လူမျိုးရေး ခွဲခြားမှုများကို တိုက်ဖျက်နေပြီး လူတိုင်း လူတိုင်းသည် မိမိနှင့် မတူတိုင်း လေးစားရန် မလိုဟူသော စိတ်များ မထားရှိရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

““ဘာသာ တရားတွေက လူတွေကို တစ်ဦးချင်းရဲ့ အသိနဲ့ ၊ ကိုယ်ကျင့်တရားနဲ့ ၊လက်ရှိ အနေအထားနဲ့ ဘယ်လို နေထိုင်ရမလဲ ဆိုတဲ့ သတ်မှတ်ချက်ကို လူငယ်တွေက ကိုယ့် ကိုယ်ကိုယ် ချမှတ်ပြီး၊ စဉ်းစား ရှေ့ဆက်ရမှာ ပါ””ဟု ရခိုင် အမျိုးသား ပါတီ ခေါင်းဆောင် ဒေါက်တာ အေးမောင်က The Messenger Media သို့ပြောသည်။
::
ရခိုင်ပြည်နယ်တွင် ဘာသာရေး အသွင်ဆောင်သော ပဋိပက္ခများကြောင့် ရခိုင် တိုင်းရင်းသားနှင့် ဘင်္ဂါလီများသည် အတူတကွ နေထိုင်ရေး အတွက် လက်ရှိ အချိန်အထိ အဆင် မပြေနိုင်သေးပေ။

အမေရိကန် သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ ဒုတိယ အကြိမ် ရောက်ရှိခဲ့ပြီး အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ကာ နိုဝင်ဘာလ (၁၄) ရက် နေ့ ညနေတွင် ပြန်လည် ထွက်ခွာ သွားခဲ့သည်။

Messenger News ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment