Pages

Sunday, November 16, 2014

ဥရောပသမဂ္ဂသံအမတ်ကြီး ရန်ကုန်တွင် စက်ဘီးစီး၍ ကင်းလှည့်


RangonNewsDaily:: November . 16 .2014
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဥ ရောပသမဂ္ဂသံအမတ်ကြီး ရိုလင် ကိုဘီယာသည် ဒေသခံရဲများနှင့် အတူ စက်ဘီးစီးလျက် ကင်းလှည့် သည်ဟု သိရသည်။
ယခုကဲ့သို့ ကင်းလှည့်ခြင်း၏ ရည်ရွယ်ချက်မှာ လူထုနှင့်ထိတွေ့ ပြီး ရဲတပ်ဖွဲ့ပြုပြင် ပြောင်းလဲခြင်း၏ အသုံးဝင်ပုံအကြောင်း လူထုနှင့် ဆွေး နွေးရန် ဖြစ်သည်ဟု သူကဆိုသည်။

ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး ကို ဥရောပသမဂ္ဂစီမံကိန်းဖြင့် ဆောင် ရွက်နေသည်။ မြန်မာနိုင်ငံအစိုးရ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့ကလည်း ထောက်ခံပံ့ပိုးပေးသည်။ လူ့အခွင့်အရေးကို လေးစားရန်၊ လွတ် လပ်ခွင့်ကို တိုးမြှင့်ရရှိစေရန်နှင့် ပြဿနာဖြေရှင်းရေးတို့ကို ပို၍ကျွမ်း ကျင်ပြီး ခေတ်မီသော ရဲတပ်ဖွဲ့က စတင်၍ လက်တွေ့အကောင်အ ထည်ဖော် ဆောင်ရွက်ရေးစီမံကိန်း ဦးတည်ချက်ကို အမှန်တကယ် လက် တွေ့အကောင်အထည်ဖော်ဆောင် ရွက်ခြင်း ရှိ၊ မရှိ ဆောင်ရွက်ရန်မှာ အရေးကြီးသည်။
::
ဥရောပသမဂ္ဂ စီမံကိန်းအရ ပေးထားသည့် ရဲစက်ဘီးတစ်စီးဖြင့် ဥရောပသမဂ္ဂသံအမတ်ကြီးက ရဲအဖွဲ့နှင့်အတူ ကင်းလှည့်ရာတွင် လိုက်ပါသည်။ သံအမတ်ကြီးကိုဘီ ယာသည် ရပ်ကွက်သုံးရပ်ကွက်တို့ သို့သွားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ ရပ်ကွက်လူထုကိုယ်စားလှယ် များနှင့် တွေ့သည်။သူတို့ကူညီ ထောက်ပံ့ပေးထားသည့် စီမံကိန်း ဆိုင်ရာ အခြေခံလုပ်ဆောင်ချက် များကို လေ့လာရန် ထိုသို့ ကင်း လှည့်ခြင်းဖြစ်သည်။

ရပ်ကွက်အုပ် ချုပ်ရေးမှူးများက သူမေးမြန်းသည် များကို အကျဉ်းရှင်းပြသည်။ ဤ ရှေ့ပြေးနယ်မြေတွင် ရဲတပ်ဖွဲ့၏ဟန်ပန် ပြောင်းလဲလာခြင်းအတွက် သူ့ကို ကျေးဇူးတင်ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပြောပြကြ သည်။
::
ကိုဘီယာသည် ရဲများနှင့်ကင်း လှည့်ရာတွင် သူနှင့်အတူ ဥရောပစီ မံကိန်း ဝန်ထမ်းနှင့် မြန်မာနိုင်ငံရဲတပ် ဖွဲ့မှ ရဲတို့ လိုက်ပါကြသည်။ ထိုရဲများ ကို လူ့အဖွဲ့အစည်းအသိုက်အဝန်း အတွင်း ရဲလုပ်ငန်းဆောင်ရွက်ခြင်း သင်တန်းကို မကြာသေးမီကပင် ပေး ထားသည်။

Ref: Toomey Max
Democracytoday ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment