Pages

Tuesday, November 4, 2014

ဧရာဝတီတိုင်း ဒေသကြီး အကျဉ်းထောင်တွင် အကျဉ်းကျနေသော (ပြင်ပစခန်း) မှ လုပ်သား (၂) ဦး ဖုန်းဆိုင် ဖောက်ထွင်း

RangonNewsDaily:: November . 3 .2014
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ Sky link ဖုန်းဆိုင် ဖောက်ထွင်းမှုတွင် ပါဝင်ခဲ့သူ နှစ်ဦးမှာ အကျဉ်းထောင် (ပြင်ပစခန်း) မှ လုပ်သားများ ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
““အကျဉ်းကျ နေတဲ့သူတွေ ဆိုတာ မှန်ပါတယ်။ ဘာအမှုနဲ့ ကျနေလဲ ဆိုတာကတော့ ကျွန်တော်တို့ စိစစ်တုန်းပဲ။ သူတို့က အကျဉ်းထောင် ပြင်ပ အလုပ်စခန်းမှာ နေတဲ့ သူတွေပါ”” ဟု ဧရာဝတီတိုင်း ဒေသကြီး ဒုရဲမှူး ဦးအောင်နိုင်မိုးက The Messenger Media သို့ ပြောသည်။

ဖုန်းဆိုင်အား ဖောက်ထွင်း ခဲ့သည်ဟု ဆိုသော ကျောင်းကုန်းမြို့နေ ဦးအောင်ရဲထက် နှင့် ပုသိမ်မြို့နေ ဦးမျိုးကျော်တို့အား ပုသိမ်မြို့မ ရဲစခန်းတွင် ပ (၂၂၅)/၂၀၁၄ ပုဒ်မ ၃၈၀/၅၄ ဖြင့် အမှု ဖွင့်ထားကြောင်း သိရသည်။
::
အောက်တိုဘာလ (၂၉) ရက်နေ့က ပုသိမ်မြို့ Sky Link ဖုန်းဆိုင်တွင် ဟန်းဆက် (၁၁) လုံး၊ Charging ဓာတ်ခဲများ၊ SIM ကတ် (၃၃) ကတ်နှင့် SD ကတ်များ စုစုပေါင်း ကာလ တန်ဖိုးငွေ ခန့်မှန်းကျပ် (၁၀) သိန်းခန့်နှင့် ငွေတစ်သိန်းကျပ် ဖောက်ထွင်း ခံခဲ့ရသည်။

ယင်းသို့ ဖောက်ထွင်း ခံရမှုကို ဖုန်းဆိုင်၏ CCTV ဓာတ်ပုံ မှတ်တမ်းများဖြင့် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ရာ အောက်တိုဘာလ (၃၀) ရက်နေ့တွင် သက်ဆိုင်ရာမှ သက်သေခံ ပစ္စည်းများဖြင့် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ပုသိမ်မြို့မ ရဲစခန်းမှ ဒုရဲအုပ် ကျော်လင်းနိုင်က The Messenger Media သို့ ပြောသည်။
::
““ကျွန်တော်တို့ အကျဉ်းထောင် ကတော့ မဟုတ်ပါဘူး။ (၁၂) မိုင် ရာဘာ စိုက်ပျိုးရေး စခန်းက ပြေးတာပါ။ ပုသိမ်က တစ်ယောက်နဲ့ ကျောင်းကုန်းက တစ်ယောက်ပါတယ်။ ရဲဘက် ပြေးတော့ တင်ထားပါတယ်”” ဟု ဧရာဝတီတိုင်း ဒေသကြီး အကျဉ်း ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

The Messenger ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment