Pages

Tuesday, November 4, 2014

ရွှေအက်ဖ်အမ် ဆုပေးပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ပိုပို


RangonNewsDaily:: November . 4 .2014
(၅)ကြိမ်မြောက် ရွှေ အက်ဖ်အမ်ရေဒီယိုနှစ်ပတ်လည် ဖျော်ဖြေပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ရာ အဆိုတော် ပိုပိုက ‘‘ချစ်ဖူးခဲ့သမျှ’’သီချင်းဖြင့် ဆု နှစ်ဆုရရှိခဲ့သည်။
ရွှေအက်ဖ်အမ်ရေဒီယိုက ချီးမြှင့်သော ဂီတဆုရှစ်ဆုတွင် အဆိုတော် ပိုပိုက အကျော်ကြားဆုံး သီချင်းဆုနှင့် ပရိသတ်တောင်းဆိုမှု အများဆုံး အမျိုးသမီး တေးသံရှင်ဆုများ ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းအခမ်းအနားတွင် ဂီတနှင့် ပတ်သက်၍ ဆုရှစ်ဆုနှင့် ပွဲတက်လာသူများက ဖက်ရှင်အကျဆုံး အမျိုးသားနှင့် အမျိုးသမီး တစ်ဦးစီကိုလည်း မစ္စတာနှင့် မစ္စ ရွှေအက်ဖ်အမ်ဆုများ ပေးအပ်ခဲ့ ရာ စိုင်းစိုင်းခမ်းလှိုင်နှင့် မိုးစက်ဝိုင်တို့ ရရှိခဲ့သည်။

တေးအယ်လ်ဘမ်ဆုကို ဘိုဘို အင်တာတိန်းမန့်မှ ကိုဘိုဆန်းက ဂီတစာဆို လွှမ်းပိုင် တေးစီးရီး၊ လေးနှစ်အတွင်း ထွက်ရှိခဲ့သော ရွှေအက်ဖ်အမ် တေးစီးရီး များမှ ပရိသတ်တောင်းဆိုမှုအများဆုံး အမျိုးသားနှင့် အမျိုးသမီး အဆိုရှင် ဆုများကို ဒီဖြိုးနှင့် အိမ့်ချစ်တို့က မင်းလေးသိဖို့နှင့် မနေတတ်သောအလွမ်း သီချင်း၊ ရွှေပရိသတ် အကြိုက်ဆုံး အမ်တီဗီဆုကို ရဲရင့်အောင်၏ ရပါတယ် ထွက်သွားပါ သီချင်း၊ ပရိသတ် တောင်းဆိုမှုအများဆုံး အမျိုးသား အဆိုရှင်ဆုကို ငါတို့ဝေးသီချင်းဖြင့် လွှမ်းပိုင်၊ Special Award ဆုအဖြစ် အကောင်းဆုံး ရော့ခ် သီချင်းဆုကို ဝေလ၏ မိတ်ကပ်မကြိုက်သော သီချင်းများသီချင်းတို့က အသီးသီး ရရှိခဲ့ကြသည်။

ပွဲတက်ဖက်ရှင် အမျိုးသားနှင့် အမျိုးသမီးဆုများကို ပွဲစတင်အချိန်တွင် အွန်လိုင်းမှ မဲပေးကာ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်နှင့် မိုးစက်ဝိုင် တို့က ပရိသတ်ပေးသည့် မဲအရေအတွက် အများဆုံးရရှိခဲ့ခြင်း ဖြစ်သည်။

ယင်းအခမ်းအနားတွင် ဖျော်ဖြေသည့် သီချင်းအများစုကို ဆက်တင်များ ပြုလုပ်၍ ဖျော်ဖြေခြင်းဖြစ်ရာ အချိန်ပေး၍ တင်ဆက်ရ ခြင်းဖြစ်သောကြောင့် ပွဲပြုလုပ်သည့် အချိန်မှာ ပိုမိုကြာမြင့်ခဲ့သည်။ ဆက်တင်တင်ဆက်မှုများကို ပရိသတ်အားပေးမှု ရရှိသော်လည်း အချိန်ကြန့်ကြာမှုများ ရှိသောကြောင့် ပွဲပြီးဆုံးချိန်အထိ အားပေးသည့် ပရိသတ် လျော့ကျခဲ့သည်။

7Day Daily, 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment