Pages

Tuesday, November 4, 2014

ခေတ်

RangonNewsDaily:: November . 3 .2014
အကျဉ်းထောင် တွေက
အာဇာနည်သမိုင်းပြတိုက်တွေဖြစ်
::
အရက်ဆိုင် တွေက
လူငယ်center တွေဖြစ်

တရားရုံးက
ပွဲစားတန်းဖြစ်

လယ်ကွင်းတွေက
စစ်ရေးပြကွင်းတွေဖြစ်
::
ရဲစခန်းက
အလှူခံမဏ္ဏပ်ဖြစ်

အစိုးရအဖွဲ့က
လူရွှင် တော်တွေဖြစ်

ဘာသာရေးခေါင်းဆောင် တွေက
စစ်ဆင် ရေးခေါင်းဆောင် တွေဖြစ်
::
တက္ကသိုလ်တွေက
ကျက်ကသိုလ်တွေဖြစ်

အက်ကျူကေးရှင်းက
ကျက်ကျူကေးရှင်းဖြစ်

လူတွေက
ပို့ကုန်တွေဖြစ်
::
ဆေးရုံတွေက
ဆင်းရဲသားပ ပျောက်ရေးဇုံတွေဖြစ်

အသုဘအိမ်က
လောင်းကစားရုံတွေဖြစ်

ကွမ်းယာဆိုင် က
ဆေးခန်း ဖြစ်
::
စစ်တပ်က
အစိုးရ မွေးမြူရေးစခန်းဖြစ်

သြော် ခေတ် ခေတ်
ဖြစ်ချင် ရာ ဖြစ် တဲ့ ခေတ်
::
သေနတ်က
အရူးလက်ထဲမှာ။ ။


Wai Yan Aung 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment