Pages

Tuesday, October 14, 2014

ရန်ကုန်မြို့တွင် ယာဉ်ကြောများ ပိတ် ဆို့ မှု လျှော့ ချ နိုင် စေရန် မီးပွိုင့်များ ချိတ်ဆက်ကာ Control System ဖြင့် စမ်းသပ် ဆောင်ရွက်မည်

RangonNewsDaily:: October . 13 .2014
ရန်ကုန်မြို့တွင် ယာဉ်ကြောများပိတ်ဆို့မှု လျော့နည်းလာစေရန် မြို့တွင်းပိုင်းရှိ မီးပွိုင့် ၁ဝခုအား စနစ်တကျ ချိတ်ဆက်ကာ အဆင့်မြင့် Control System များဖြင့် အချက်ပြ ထိန်းချုပ်ခြင်းကို ယခုလတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင် နီယာ ဌာန (လမ်းနှင့် တံတား) လက်အောက်ရှိ ယာဉ်/ထိန်း ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထိုကဲ့သို့ မီးပွိုင့်များကို တစ်ခုနှင့် တစ်ခု ချိတ်ဆက်ကာ ရန်ကုန်မြို့တွင် ယာဉ်ကြောများ ပိတ် ဆို့ မှု လျှော့ ချ နိုင် စေရန် မီးပွိုင့်များ ချိတ်ဆက်ကာ Control System ဖြင့် အချက်ပြ ထိန်းချုပ်ခြင်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ် စမ်းသပ် လုပ်ဆောင်ခြင်းဖြစ်ပြီး ပါရမီ လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်း ဆုံရာတွင် တည်ရှိသော ချော်တွင်းကုန်း မီးပွိုင့်ကို ဗဟိုပြုကာ ၄င်း၏ အနီးပတ်လည်ရှိ ကမ္ဘာအေး ဘုရားလမ်းနှင့် ပြည်လမ်းပေါ်တွင်ရှိသော ယာဉ်အသွားအလာ ထိန်းချုပ်သည့် အချက်ပြ မီးပွိုင့် ၁ဝခုနှင့် ချိတ်ဆက်ပြီး စတင် ဆောင်ရွက် သွားမည်ဟု သိရသည်။

အဆိုပါ စမ်းသပ်မှု အောင်မြင်ပါက ရန်ကုန် မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ယာဉ်ကြောများ ပိတ်ဆို့လေ့ရှိသော လမ်းဆုံများတွင် တပ်ဆင်ထားသည့် မီးပွိုင့်များ အားလုံးကို ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ထိုစီမံကိန်းအတွက် လိုအပ်သော နည်းပညာနှင့် စက်ပစ္စည်းများကို ဂျပန်နိုင်ငံ အခြေစိုက် JICA အဖွဲ့ကြီးမှ ပံ့ပိုးကူညီခြင်း ဖြစ်ကြောင်း သိရသည်။


ရန်ကုန်မြို့တွင် အဆမတန် များပြားလာသော မော်တော်ယာဉ် အရေအတွက် နှင့်အတူ ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားစွာ ဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာ ဌာန အဖွဲ့ အစည်းများ မှနေ၍ ခုံးကျော် တံတားများ ဆောက်လုပ်ခြင်း၊ ယာဉ်ကြော ရှင်းလင်းရေး လုပ်ငန်း များ ဆောင်ရွက်ခြင်း တို့ကို လုပ်ဆောင်လျက် ရှိပြီး ယခုကဲ့သို့ မီးပွိုင့်များ အချင်းချင်း ချိတ်ဆက်ကာControl System အသုံးပြု၍ အချက်ပြ ထိန်းချုပ်ခြင်းဖြင့်လည်း ယာဉ်ကြောရှင်းလင်း ရေးအတွက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီနိုင်စေရန် ရန်ကုန်မြို့တော် စည်ပင်က စတင် စမ်းသပ် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း သိရသည်။


မြ၀တီ , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment