Pages

Friday, October 24, 2014

ကမ္ဘောဒီးယားတွင် ခေါက်ဆွဲစားရာမှ အစာအဆိပ်သင့်မှုဖြစ်

RangonNewsDaily:: October . 23 .2014
ကမ္ဘောဒီးယားနိုင်ငံ စေ့စပ်ပွဲတစ်ခုတွင် ခေါက်ဆွဲစားပြီးနောက် လူ ၃၀၀ နီးပါးခန့် အစာအဆိပ်သင့်သွားကြောင်း သိရသည်။ အောက်တိုဘာ၂၁ ရက်က နိုင်ငံအလယ်ပိုင်း ကမ်ပေါင်သွမ်ပြည်နယ် ဝေးလံခေါင်ဖျားသောကျေးရွာတစ်ခုတွင်ပြုလုပ်သည့် စေ့စပ်ပွဲတွင်
ခေါက်ဆွဲများစားပြီးနောက် လူများသည် ပျို့အန်ခြင်းနှင့် ဝမ်းလျှောခြင်းများ ကို ခံစားခဲ့ရကြောင်း ဒေသတွင်းရဲတပ်ဖွဲ့ အကြီးအကဲ ဆောင်အမ်ဖီ က ပြောကြားခဲ့သည်။

နေမကောင်းဖြစ်သူများမှာ ကလေးသူငယ်များ အများဆုံးဖြစ်သော်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။

အောက်တိုဘာ၂၁ ရက်နေ့လည်အထိ နေမကောင်ဖြစ်သူအများစုသည် ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။

"စေ့စပ်ပွဲမှာ ကျွေးတဲ့ ခေါက်ဆွဲစားပြီး သူတို့တွေ နေမကောင်းဖြစ်ခဲ့ပါတယ်။ ပွဲမှာ ကျွေးတဲ့ ခေါက်ဆွဲတွေကို ဆွေမျိုးတွေက အိမ်ကို ယူလာတဲ့အတွက် နေမကောင်းဖြစ်သူတွေ များခဲ့ရတာဖြစ်ပါတယ်။

ခေါက်ဆွဲတွေကို ကြာရှည်ခံအောင် ချက်တဲ့သူတွေက ဓာတုပစ္စည်းတွေကို အသုံးပြုခဲ့ ဖွယ်ရှိပါတယ်" ဟု ဆောင်အမ်ဖီ က ပြောကြားသည်။


Mizzima , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment