Pages

Friday, October 24, 2014

နိုဝင်ဘာလတွင် ကျင်းပမည့် AFF Suzuki Cup ပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုကျပ်ထဲ ကျရောက်နေ

RangonNewsDaily:: October . 23 .2014
လာမယ့် နိုဝင်ဘာလ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံမှာ ကျင်းပ ပြုလုပ်မဲ့ AFF Suzuki Cup ပြိုင်ပွဲမှာ မြန်မာလက်ရွေးစင်အသင်းဟာ အုပ်စု (ဘီ)မှာ အိမ်ရှင် စင်ကာပူ၊ မလေးရှား၊ ထိုင်းအသင်းတို့နဲ့ အတူ အုပ်စုကျပ်ထဲ ကျရောက်နေပါတယ်။
အုပ်စု(အေ)မှာ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ လာအိုအသင်းတို့ ယှဉ်ပြိုင်မည် ဖြစ်ပါတယ်။ အဆိုပါ အုပ်စု(အေ) ပွဲစဉ်များကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပ ပြုလုပ်မှာပါ။

မြန်မာလက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၂၃ ရက်နေ့မှာ ပွဲဦးထွက်ပွဲစဉ်အဖြစ် စင်ကာပူအမျိုးသားကွင်းမှာ မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားမည် ဖြစ်ပါတယ်။

ဒုတိယပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၆ ရက်နေ့မှာ အိမ်ရှင် စင်ကာပူ၊ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဂျလန်ဘီဆာကွင်းမှာ ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားကြမှာပါ။

DVB ::-- 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment