Pages

Friday, October 24, 2014

သွေးကင်ဆာကို ကာကွယ်ပေးနိုင်သည့် ပန်းမုံလာ


RangonNewsDaily:: October . 23 .2014
Broccoli ဟုခေါ်သော ပန်းမုံလာတွင်ပါရှိသော Sulfora Phane သဘာဝ ဓာတ်ပေါင်းတစ်မျိုးသည် Leukemia (သွေးကင်ဆာ)ကို ကာကွယ်ပေးနိုင်သည်ဟု BaylorCollege of Medicine မှ ရောဂါဗေဒဌာနမှု ပါမောက္ခ Dr. Daniel Lacorazza က ဆိုပါတယ်။
Sulfora Phane က သွေးဖြူ ကင်ဆာဆဲလ်များ၊ ကင်ဆာအကျိတ်များကို ကာကွယ်ပေးနိုင်သည်ဟု ဆိုပါသည်။

ကလေးတွေမှာ အဖြစ်များသည့် သွေးဖြူကင်ဆာတစ်မျိုးဖြစ်သည့် acute lymphoblastic leukemia ရောဂါများကိုလည်း ပန်းမုံလာဟာ အကာအကွယ်ပေးနိုင်ပါတယ်။

၁။ ပန်းမုံလာကို ကြက်ဥနှင့်လည်း ကြော်စားနိုင်ပါတယ်။

၂။ အစိမ်းသုပ်စားနိုင်ပါတယ်။ အစိမ်းနဲ့ မကြိုက်ရင် အနည်းငယ် ပြုတ်ပြီးမှ သုတ်စားနိုင်ပါတယ်။

၃။ သကြား၊ ထောပတ်၊ ပဲငံငြာရည်၊ ကြက်သားမှုန့်တို့ဖြင့် ရောမွှေပြီး ပေါင်း၍ စားနိုင်ပါတယ်။

၎။ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ထည့်ကာ ကြက်ရိုးနှင့် ကြက်ပေါင်းရည်လုပ်ပြီး သောက်နိုင်ပါတယ်။

၅။ အစိမ်းကို ပန်းသီးစိပ်အနည်းငယ်နှင့်ရောကြိတ်ကာ သံပရာသီးညစ်ထည့်ပြီး ဖျော်ရည်လုပ်သောက်နိုင်ပါတယ်။

ထို့အပြင် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်တို့ဟာလည်း ပန်းမုံလာနည်းတူ ကင်ဆာကို ကာကွယ်ပေးနိုင်သည့် ဓါတ်တစ်မျိုးကို ပေးစွမ်းနိုင်ပါတယ်။ ပန်းမုံလာနှင့် ပန်းဂေါ်ဖီတို့ကို နေ့စဉ် စားသုံးပေးပါက ကင်ဆာရောဂါဖြစ်စေနိုင်သည့် ဆဲလ်များကို တိုက်ဖျက်ပေးပြီး ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။


KOLATT(PBDN)

RangonNewsDaily




0 comments:

Post a Comment