Pages

Sunday, September 7, 2014

Sony ရဲ့တတိယမြောက်မျိုးဆက် စမတ်နာရီ Smart Watch 3


RangonNewsDaily:: September . 6 .2014
Sony ရဲ့ယခင်ထုတ်လုပ်ထားတဲ့ စမတ်နာရီတွေဟာ သိပ်ပြီးမအောင်မြင်ခဲ့ပါဘူး။ အတိအကျပြောရရင် ၊ Smart Watch 2 လောက်ပဲ အနည်းငယ် အဆင်ပြေခဲ့တာပါ။ အဲဒီလို အားနည်းချက်တွေကို ပြုပြင်ပြီးတော့ Sony ရဲ့တတိယမြောက်မျိုးဆက် စမတ်နာရီဖြစ်တဲ့ SmartWatch 3 ကိုထုတ်လုပ်လိုက်ပါပြီ။
Smart Watch 3 ဟာယခင်ထွက်ရှိထားတဲ့ စမတ်နာရီတွေရဲ့ပုံစံကို အဆင့်မြှင့်တင်ပြီး ထုတ်လုပ်ထား တာပါ။ ပိုမိုကောင်းမွန်တဲ့ ရေစိုခံစနစ်နဲ့ အတွင်းဖိုင်ကြိုးတွေကတော့ ပြောင်းလဲသွားပါတယ်။

Sony ဟာ မသပ်ရပ်တဲ့ အရင်စမတ်နာရီတွေရဲ့ပုံစံကို SmartWatch 3 မှာပြုပြင်ထားပြီး Google ကထောက်ပံ့ပေးတဲ့ စမတ်နာရီဆော့ဖ်ဝဲကို အသုံးပြုထားတဲ့ Android Wear တစ်ခုအဖြစ် ထုတ်လုပ်ထားကာ Sony,Samsung,LG နဲ့ Motorolla ဖုန်းတို့မှာလည်း အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ဒီနာရီရဲ့မျက်နှာပြင်ကတော့ ၁.၆ လက်မအကျယ်ရှိပြီး ၃၂၀×၃၂၀ ရုပ်ထွက် ကြည်လင်ပြတ်သားမှု ကိုပေးနိုင်ပါတယ်။ Screenlock ကတော့ အခြားပြိုင်ဘက်နာရီတွေလို တူညီတဲ့ ပုံစံရှိပါတယ်။ Sony SmartWatch 3 ကို ဒီနှစ်အကုန်မှာစတင် ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းကတော့ ၂၉၉ ပေါင် ဖြစ်ပါတယ်။

မြဝတီ , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment