Pages

Sunday, September 7, 2014

အယ်လ်ကေဒါ ခြိမ်းခြောက်မှု အပြီးတွင် လုံခြုံရေးအတွက် အိန္ဒိယတပ်လှန့်


RangonNewsDaily:: September . 6 .2014
အယ်လ်ကေဒါအဖွဲ့က အိန္ဒိယ တိုက်ငယ်နိုင်ငံများတွင် အဖွဲ့ခွဲ တည်ထောင်ပြီးကြောင်း ထုတ်ပြန်သည့် ဗီဒီယို ထွက်ရှိလာပြီးသည့် နောက်တွင် အိန္ဒိယအစိုးရက နိုင်ငံတစ်ဝန်းလုံးရှိ လုံခြုံရေးတပ်များကို တပ်လှန့်ထားခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။
ဗီဒီယ ထုတ်ပြန်ဖော်ပြချက်တွင် အယ်လ်ကေဒါ ခေါင်းဆောင် အေမန်အယ် ဇာဝါဟီရီက အိန္ဒိယတိုက်ငယ် အတွင်းရှိ အယ်လ်ကေဒါများက ဂျီဟတ်အလံကို လွှင့်တင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အယ်လ်ကေဒါ ခေါင်းဆောင်၏ ယင်းသို့ ပြောဆို ထုတ်ပြန်လိုက်ခြင်းသည် အစ္စလာမ်မစ်နိုင်ငံတော် ဆိုပြီး လှုပ်ရှားနေသည့် IS အဖွဲ့ကို လက်မခံကြောင်း ပမာမခန့် ပြုလိုက်ခြင်း ဖြစ်နိုင်သည်ဟုလည်း ဆောင်းပါးရှင်များက ဆိုသည်။


အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ရက်ဂ်ျနာဆင်းက ထိပ်တန်းထောက်လှမ်းရေး အရာရှိများနှင့် တွေ့ဆုံကာ ဝန်ကြီးချုပ်ထံ တင်ပြရန်အတွက် လုံခြုံရေး စီမံချက်များဆိုင်ရာ ကိစ္စကို ဆွေးနွေးလျက်ရှိသည်။


အိန္ဒိယ ထောက်လှမ်းရေးများက ဇာဝါဟီရီ၏ ရုပ်သံဖိုင်ကို သေသေချာချာ လေ့လာလျက်ရှိကာ သုံးသပ်သူများက IS ၏ အစ္စလာမ်မစ်ဝါဒ အပေါ် လွှမ်းမိုးမှုကို တန်ပြန်ခြင်း ဖြစ်မည်ဟု သုံးသပ်ကြသည်။


အိုစမာဘင်လာဒင်ကို ဆက်ခံသူတစ်ဦး အနေနှင့် အယ်လ်ကေဒါကို ဂျီဟတ် အဖွဲ့အစည်းများအတွင်း ခေါင်းဆောင်မှု နေရာကို ဆက်လက် ထိန်းသိမ်းနိုင်ရန်အတွက် စိန်ခေါ်မှုများ ရှိနေမည် ဖြစ်ကြောင်း BBC ၏ လုံခြုံရေးဆိုင်ရာ ဆောင်းပါးရှင် ဖရန့်ခ်ဂါဒ်နာက ပြောကြားသည်။


အေမန်အယ်ဇာဝါဟီရီသည် အီဂျစ်လူမျိုး မျက်စိအထူးကု ခွဲစိတ်ဆရာဝန်တစ်ဦး ဖြစ်ပြီး အသက် ၆၃ နှစ်အရွယ် ရှိပြီဖြစ်ကာ အိုစမာဘင်လာဒင် သေဆုံးသွားပြီးနောက် ၎င်း၏နေရာကို ဆက်ခံခဲ့သည်။ ယခုအခါ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နယ်ခြားဒေသများတွင် ရွှေ့ပြောင်းလှုပ်ရှားလျက် ရှိသည်။


အိန္ဒိယတွင် လှုပ်ရှားနေသော အစ္စလာမ်မစ် စစ်သွေးကြွများသည် ကက်ရှ်မီးယား ခွဲထွက်ရေး သူပုန်များနှင့် ဆက်စပ်သူများသာ ဖြစ်ကြလေ့ရှိပြီး ပါကစ္စတန် အခြေစိုက် အယ်လ်ကေဒါ ဆက်စပ် အဖွဲ့အစည်းအချို့နှင့်လည်း ဆက်စပ်သည်။


ဂူဂျာရတ်ပြည်နယ်၊ မာဒရာပရာဒက်ရှ် ပြည်နယ်၊ အူတာပရာဒက်ရှ်နှင့် ဘီဟာပြည်နယ်တို့တွင် လုံခြုံရေးအရ တပ်လှန့်ထားမှုများ ပြုလုပ်ထားသည်ဟု ထိပ်တန်းအရာရှိတစ်ဦးက Reuters သတင်းဌာနကို ပြောကြားခဲ့သည်။
အယ်လ်ကေဒါ အဖွဲ့အစည်းက အိန္ဒိယတိုက်ငယ် အတွင်းရှိ နိုင်ငံများအတွက် အယ်လ်ကေဒါ ဂျီဟတ်များ လာပြီဟု ခြိမ်းခြောက်ထားရာ ယင်းဒေသတွင်း နိုင်ငံများတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့လည်း ပါဝင်သည်။

The Voice  , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment