Pages

Saturday, September 20, 2014

ကရင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းကို ဂယက်ရိုက်ရန်မရှိဟု KNU ပြော

RangonNewsDaily:: September . 20 .2014
ကရင်ပြည်နယ်အတွင်း ရှိ လက်နက်ကိုင်အဖွဲ့အချို့တွင် ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေ သော ပဋိပက္ခများကြောင့် ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်အပေါ် ဂယက်ရိုက်ရန်မရှိဘဲ ကရင်အ မျိုးသားအစည်းအရုံး(KNU)အ နေဖြင့် အခြေအနေကို ထိန်းချုပ်ထားနိုင်ကြောင်း KNU ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး စော ဖောဒိုက ပြောကြားသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် စက်တင်ဘာ ၁၉ ရက်ကတပ်မတော်၊ နယ်ခြားစောင့်တပ်နှင့် ရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းလုံခြုံရေးအဖွဲ့နှင့် အစိုးရ နှင့် ငြိမ်းချမ်းရေးယူထားသည့် DKBA တပ်ဖွဲ့ဝင်တို့ ထိတွေ့ပစ် ခတ်မှု ဖြစ်ပွားခဲ့ပြီး ယမန်နေ့က လည်း KNU/KNLA-PC နှင့် အစိုးရတပ်မတော်ကြား အပြန်အလှန် ကြေညာစာထုတ်မှုများ ဖြစ်ပေါ်ခဲ့သည်။

စက်တင်ဘာ ၂၂ ရက်တွင်ပြုလုပ်မည့် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့များကို ကိုယ်စားပြု သည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) မူကြမ်းဆွေးနွေးပွဲမတိုင်မီ ရက်ပိုင်းအတွင်း၌ ယခုကဲ့သို့ ဖြစ်ပွားနေခြင်း ဖြစ်သည်။

‘‘ဒါက အောက်ခြေပြဿ နာပဲ။ ဒါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လာရိုက်ခတ်စရာမရှိဘူး။ ကရင်ပြည်နယ်အတွင်းမှာ အခုဖြစ်တာတွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မထိခိုက်အောင် ကျွန်တော်တို့ ထိန်းချုပ်နိုင်တယ်လို့ ပြောလို့ရပါတယ်’’ဟု KNU ဗဟိုကော်မတီဝင်ဖြစ်ပြီး ကရင်လက်နက်ကိုင်များ စည်းလုံးညီညွတ်ရေး ကော်မတီ၏ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောဖောဒိုက ပြောသည်။

အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကြီးတစ်ခုဖြစ်သည့် KNU သည် NCCTအဖွဲ့ဝင်အဖြစ် ပါဝင်နေပြီး တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်(NCA)ရေးထိုးနိုင်ရန်၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ဆောင်ရွက်နေ သည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

ကရင်ပြည်နယ်တွင် အစိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ငါးဖွဲ့ လှုပ်ရှားနေကြပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA)၊ တပ်မဟာ ( ၅ ) ကလိုထူးဘောဗျူဟာ(ခ) တိုးတက်သော ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော် ( DKBA 5 )၊ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (KPF) တို့ ဖြစ်ကြသည်။ 

စက်တင်ဘာ ၁၉ ရက် နံနက်က ကရင်ပြည်နယ်၊ မြဝတီမြို့တွင် တပ်မတော်၊ နယ်ခြားစောင့်တပ်နှင့် ရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းလုံခြုံရေးအဖွဲ့နှင့် အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့် DKBA တို့ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင် အကျအဆုံးလည်း ရှိခဲ့သည်။ ယင်းအတွက် အစိုးရဘက်မှ ဖြေရှင်းပေးရန် DKBA ဘက်မှပြောကြားမှု ထွက်ပေါ်လာခဲ့သည်။ ယင်းမတိုင်မီကလည်း မြဝတီမြို့တွင် ချိန်ကိုက်မိုင်းတွေ့ရှိမှု နှစ်ရက်ဆက်တိုက် ဖြစ်ပေါ် ခဲ့သည်။

ယင်းအတွက် အခြေအနေ တင်းမာမည်ကို ဒေသခံတို့ စိုးရိမ်နေကြကြောင်း သတင်းများ ထွက်ပေါ်လာသည်။

KNU၏ မြဝတီဆက်ဆံရေး တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူးကြီးစောဖောဒို က ‘‘အခု မြဝတီမြို့ထဲမှာ အေးအေးဆေးဆေးပဲရှိနေပါတယ်။ ဘာမှမဖြစ်ပါဘူး’’ ဟု ပြောသည်။

စက်တင်ဘာ ၁၃ ရက်ကမြဝတီမြို့အတွင်း ထိုင်းနိုင်ငံဘက်မှ ဝင်လာသည့် ကုန်ကား သုံးဆယ်ကျော်ကို KNU/KNLAကရင်ငြိမ်းချမ်းရေးကောင်စီ နယ်စပ်လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး(အထူး) ဗျုဟာက ပိတ်ဆို့တားဆီးခဲ့သည်။ ယင်းနာက် KNU/KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ၊ KKO ခွဲထွက် ကရင်အကျိုးပြု ဒီမိုကရေစီတပ်မတော် ကလိုထူးဘော တပ်ဖွဲ့များအနေဖြင့် မြ၀တီမြို့တွင်းသို့ ဝင်ရောက်သည့်အခါ လက်နက်ယူဆောင် မလာရ၊ ယူနီဖောင်းဝတ်မလာရဟူ၍ မြ၀တီအခြေစိုက် ရှေ့တန်းအမှတ် ၂၇၅ အစိုးရခြေလျင် တပ်ရင်းက စာတစ်စောင်ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၁၇ ရက်တွင် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ၏ နယ်စပ်လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး(အထူး) ဗျုဟာ၊ ဗျူဟာမှူုး ဗိုလ်မှူးကြီးတိုက်ဂါးဦးစီးသည့် မြ၀တီအခြေစိုက် KNU/KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ နယ်စပ်လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး (အထူး) ဗျုဟာဟာ တပ်မတော်သားများ ကရင်ပြည်နယ်အတွင်း မြို့တွင်း၊ မြို့ပြင်သွားလာမှု လုံးဝမပြုလုပ်ရန် အပြင်းအထန်တားမြစ်ကြောင်း စာကိုထုတ်ပြန်ခဲ့သည်။ 

ထို့နောက် စက်တင်ဘာ၁၈ ရက်တွင် အဆိုပါကြေညာချက်မှာ ဗိုလ်မှူးကြီးတိုက်ဂါး၏ တစ်ဦးတည်း ဆန္ဒသာဖြစ်ပြီးဗဟိုဌာနချုပ်နှင့် လုံးဝမပတ်သက်ကြောင်း KNU/KNLA-PC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောဌေးမောင်က ဘားအံမြို့ရှိ၊ ကရင်ပြည်နယ် အစိုးရအဖွဲ့၊နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်ထံသို့ အသိပေးထုတ်ပြန်ချက်ပေးပို့ခဲ့သည်။

7Day News , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment