Pages

Saturday, September 20, 2014

မြဝတီမြို့တွင် လုံခြုံရေးအဖွဲ့နှင့် DKBA တို့ကြား ပစ်ခတ်မှုဖြစ်ပွားရာ DKBA အရာရှိတစ်ဦးသေဆုံး

RangonNewsDaily:: September . 20 .2014
ပူးပေါင်းလုံခြုံရေးအဖွဲ့ နှင့် DKBA တို့ စက်တင်ဘာ ၁၉ ရက်နံနက်ပိုင်းက မြဝတီမြို့၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ (DKBA) မှ အရာရှိတစ်ဦးသေဆုံး၍ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၁၉ ရက်နံနက် ၂ နာရီခန့်က ဒီမိုကရေစီအကျိုး ပြုကရင်တပ်မတော် DKBA မှ မော်တော်ယာဉ်နှစ်စီး မြဝတီမြို့ထဲ လှည့်ပတ်မောင်းနှင်နေ၍ ယာဉ်ထိန်းတပ်ဖွဲ့က ဟန့်တားခဲ့ကြောင်း မြဝတီရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးကပြောသည်။ သို့သော် မော်တော်ယာဉ်နှစ်စီးမှာ ရပ်တန့် ခြင်းမရှိ၍ ရှေ့တန်းရုံးသို့ သတင်းပေးပို့ခဲ့မှုကြောင့် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ် (BGF) တို့ ပါဝင်သော ပူးပေါင်းလှည့်ကင်းအဖွဲ့က ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယင်းမော်တော်ယာဉ်နှစ်စီး ကို ပူးပေါင်းလုံခြုံရေးအဖွဲ့က မြဝတီမြို့တောရကျောင်းလမ်းတွင် တွေ့ဆုံ ဟန့်တားခဲ့ကြောင်း နယ်ခြားစောင့်တပ် (BGF)မှ ဗိုလ်မှူး သိန်းဇော်မင်းကဆိုသည်။

‘‘ပြိုင်ကားတစ်စီးကလွတ် သွားတယ်။ ကျန်တဲ့ Surf တစ်စီးပေါ်က နှစ်ယောက်ကဆင်းလာပြီး သေနတ်ဆွဲထုတ်တာတွေ့လို့ တပ်ကပစ်လိုက်တာ’’ဟု ဗိုလ်မှူးသိန်းဇော်မင်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ DKBA ဒုတိယစစ်ဦးစီးချုပ် ဗိုလ် ချုပ်စောမိုရှေးနှင့် ကလို့ထူးဝါးစစ် ဗျူဟာသို့ဆက်သွယ်မေးမြန်းခဲ့ သော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။ တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေး အဖွဲ့ (NCCT)တွင် ပါဝင်သော DKBA မှ ဗိုလ်မှူးစောလုံလုံထံ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းထံ လက်ရှိအချိန်ဖုန်းဆက်သွယ်ရန် ခက်ခဲသဖြင့် အဆက်အသွယ်ရရှိ ပါက ပြန်လည်အကြောင်းကြား မည်ဟု တာဝန်ရှိသူတစ်ဦးကပြော ကြားခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်၍ ပစ်ခတ်မှုများကို အသေးစိတ်စုံ စမ်းမှုများပြုလုပ်နေပြီး လုံးဝ လက်မခံနိုင်သည့်ဖြစ်ရပ်ဖြစ်ကာ အစိုးရဘက်မှ ဖြေရှင်းပေးရမည် ဟု DKBAတပ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း ကရင်အမျိုး သားမီဒီယာတွင်ဖော်ပြထားသည်။

ယခုဖြစ်စဉ်တွင်ပါဝင်နေ သော DKBA တပ်ဖွဲ့ဝင်များမှာ ကလို့ထူးဝါးစစ်ဗျူဟာမှဖြစ်ကြောင်း နီးစပ်သူများကပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက နယ် မြေခံအစိုးရတပ်မှ ငြိမ်းချမ်းရေး ရယူထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် မြို့တွင်းမြို့ပြင်သွားလာရာတွင် ယူနီဖောင်းဝတ်ဆင်ခြင်း၊ လက်နက်ကိုင်ဆောင်ခြင်းမပြုလုပ်ကြရန် သတိပေးစာထုတ်ပြန်ထားသည်။ DKBA သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာက အစိုးရနှင့်အပစ် အခတ်ရပ်စဲရေးလက်မှတ်ထိုးထားသည်။

လတ်တလောမြဝတီမြို့ အနေနှင့်ပတ်သက်၍ ‘‘လုံခြုံရေး အင်အားတိုးမြှင့်ဆောင်ရွက်နေ တယ်။ ပူးပေါင်းအဖွဲ့တွေနဲ့ပေါ့’’ ဟု မြဝတီရဲတပ်ဖွဲ့မှ အရာရှိတစ် ဦးကပြောသည်။

သေဆုံးသွားသော DKBA အရာရှိမှာ အရက်သေစာ သောက်စားထားပြီး ယာဉ်ကို စည်းကမ်းမဲ့မောင်းနှင်နေခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။အဆိုပါကိစ္စနှင့်ပတ်သက်၍ DKBA မှဗျူဟာမှူးဗိုလ်မှူးကြီး စောဆန်းအောင်ထံဆက်သွယ် မေးမြန်းခဲ့ရာ ၎င်းတို့တပ်ဖွဲ့ဝင်မှာ အပြစ်ရှိသော်လည်း တရားဥပဒေ အရ အရေးမယူဘဲ လက်နက် အားကိုးဖြင့်ဆောင်ရွက်ခြင်းမှာ မင်းမဲ့စရိုက်ဆန်ကြောင်း တုံ့ပြန် ဖြေဆိုခဲ့သည်။

‘‘ဥပဒေအရ ထိုက်သင့်သလို အရေးမယူဘဲ ကြီးမားတဲ့လက် နက်ကိုင်တပ်ဖွဲ့နဲ့ပစ်ခတ်မှုဟာ မင်းမဲ့ရာကျပါတယ်’’ဟု ဗိုလ်မှူးကြီးစောဆန်းအောင်က ပြောသည်။

သေဆုံးသွားသူမှာ DKBA တပ်ရင်း (၉၁၀) မှတပ်ရေးဗိုလ်ကြီး ဖြစ်ပြီး ၎င်းကိုပစ်ခတ်ခဲ့သူကို လွှဲ ပြောင်းရန် အောက်တပ်များက တောင်းဆိုမှုများရှိနေကြောင်း ဗိုလ်မှူးကြီးစောဆန်းအောင်က ဆက်လက်ပြောသည်။

‘‘အရင်က သူတို့တပ်ဖွဲ့ဝင် တစ်ဦးကို ကျွန်တော်တို့ကပစ် သတ်ခဲ့မိလို့ အဲဒီလူကို သူတို့ထံ လွှဲပြောင်းပေးဖူးတယ်။ အခုလည်းကျွန်တော်တို့အရာရှိကိုပစ်တဲ့သူ ကို လွှဲပြောင်းပေးဖို့ ဆက်ဆံရေး ရုံးကနေ တရားဝင်တောင်းဆို မယ်’’ဟု ဆိုသည်။

7Day News , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment