Pages

Tuesday, September 9, 2014

ချန်ပီယံမြန်မာ အသင်းအတွက် ဘောလုံးချစ် အလှူရှင်များမှ ဆုကြေးငွေ ကျပ်သိန်း ၁၃၀၀ ကျော် ချီးမြှင့်လှူဒါန်း

RangonNewsDaily:: September . 9 .2014
ဖိလစ်ပိုင် နိုင်ငံတွင် စက်တင်ဘာလ (၃)ရက်နေ့မှ (၆)ရက်နေ့အထိ ကျင်းပခဲ့သည့် 2014 Philippine Peace Cup ဘောလုံးပြိုင်ပွဲကြီးတွင် အနိုင်ရ ဗိုလ်စွဲပြီး နိုင်ငံဂုဏ်ဆောင် နိုင်ခဲ့သော မြန်မာ့လက်ရွေးစင် ဘောလုံး အသင်းအား ဘောလုံးချစ် အလှူရှင်များမှ ချီးမြှင့်ငွေ စုစုပေါင်း ကျပ်သိန်း (၁၃၄၀) ချီးမြှင့်ပေးအပ် လှူဒါန်းခဲ့ပါသည်။
အောင်ပွဲရ မြန်မာ့ လက်ရွေးစင် အသင်းအား ဂုဏ်ပြုသည့် အနေဖြင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သို့ ယခုအထိ ဆက်သွယ် ချီးမြှင့်ခဲ့ကြသည့် ဂုဏ်ပြု ချီးမြှင့်သူများ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်း- ကျပ် သိန်း (၂၀၀)
၂။ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစု- ကျပ် သိန်း (၅၀)
၃။ ဦးအောင်ကိုဝင်း (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ နာယက) - ကျပ် သိန်း (၂၀၀)
၎။ ဦးတေဇ (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ နာယက) - ကျပ် သိန်း (၂၀၀)
၅။ ဦးဇော်ဇော် (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ) - ကျပ် သိန်း (၂၀၀)
၆။ ဒေါက်တာ စိုင်းဆမ်ထွန်း (ရတနာပုံ F.C အသင်းပိုင်ရှင်) - ကျပ် သိန်း (၁၀၀)
၇။ Hotel Yangon - ကျပ် သိန်း (၁၀၀)
၈။ ဦးလှဋ္ဌေး (ဇွဲကပင် ယူနိုက်တက် အသင်းပိုင်ရှင်) - ကျပ် သိန်း (၅၀)
၉။ ဦးသစ္စာ (မြန်မာနိုင်ငံ ၀ူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌ) - ကျပ် သိန်း (၅၀)
၁၀။ ဦးဇော်ဝင်းရှိန် (Chairman ၊ ဧရာဟင်္သာ ကုမ္ပဏီ) - ကျပ် သိန်း (၅၀)
၁၁။ ဦးလှမျိုး၊ ဦးစောငြိမ်း (အောင်မြင်သူ ကုမ္ပဏီများ အုပ်စု) - ကျပ် သိန်း (၅၀)
၁၂။ ဦးအောင်မြတ် (M.D ၊ Mother Trading Co.) - ကျပ် သိန်း (၅၀)
၁၃။ ဦးရန်ဝင်း (ဧရာဝတီ ယူနိုက်တက်အသင်း ဥက္ကဋ္ဌ) - ကျပ် သိန်း (၃၀)
၁၄။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဘောလုံးအသင်း - ကျပ် (၁၀) သိန်း

မြန်မာ့ဘောလုံး လောကအတွက် ဤသို့ချီးမြှင့် အားပေးကြပါသော အလှူရှင်များအား မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်(MFF) နှင့် မြန်မာ့လက်ရွေးစင် အသင်းကိုယ်စား အထူးကျေးဇူးတင်ရှိ မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

Myanmar Football Federation
KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment