Pages

Tuesday, September 2, 2014

မြေထဲ ပင်လယ် အနီးတွင် သင်္ဘော နစ်မြုပ် သေဆုံးသူ ဦးရေ ၃၆ ဦး အထိ မြင့်တက်

RangonNewsDaily:: September . 2 .2014
လစ်ဗျားနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော မြေထဲပင်လယ်အနီးတွင် သင်္ဘောတစ်စင်း နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ
၎င်းသင်္ဘောပေါ်တွင် လိုက်ပါလာသော ပြောင်း ရွှေ့လုပ်သား၂၁ ဦး၏ ရုပ်အလောင်းများကို တူနီးရှားကမ်းခြေစောင့် တပ်ဖွဲ့က သြဂုတ် ၃ဝ ရက်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းသင်္ဘော နစ်မြုပ်မှုကြောင့်သေဆုံးသူ ဦးရေမှာ ၃၆ ဦးအထိ မြင့်တက်ခဲ့ကြောင်း ကမ်းခြေစောင့် တပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။
အဆိုပါ သင်္ဘောသည် လစ်ဗျားမှဥရောပသို့ ထွက်ခွာလာသော သင်္ဘောတစ်စင်းဖြစ်ပြီး ၎င်းသင်္ဘောပေါ်တွင် ပြောင်းရွှေ့လုပ်သားများကို အဆမတန်တင်ဆောင် လာခဲ့ကြောင်း၊ ပြောင်းရွှေ့လုပ်သားများအနက် အများစုမှာ ဆီးရီးယားနိုင်ငံသား များ ဖြစ်ေ ကြာင်း၊ သေဆုံး သူများတွင် အမျိုးသမီးရှစ်ဦးနှင့် ကလေးငါးဦး ပါဝင်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိတစ်ဦးဖြစ်သူ မူစတာဖာအာဘက်ဒ်အယ်လ်ခါဆီက ပြောကြားခဲ့သည်။

 ပြီးခဲ့သည့် သီတင်းပတ်ကလည်း လစ်ဗျားကမ်းလွန်တွင် ပြောင်း ရွှေ့လုပ်သား ၂ဝဝ ခန့်ကို တင်ဆောင် လာသော သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

မြ၀တီ , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment