Pages

Tuesday, September 2, 2014

နေအိမ်အတွင်း အနုကြမ်းစီးဝင်ရောက်ကာ ပစ္စည်းယူ လူသတ်မှု တာချီလိတ်၌ ဖြစ်ပွား


RangonNewsDaily:: September . 2 .2014
နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ရုံးလမ်း(၃) နှင့် အဆင့်မြင့်ကာရာအိုကေ အနီးရှိ နေအိမ်အမှတ် (၆/၃၈)တွင် သြဂုတ်လ(၃၁)ရက်နေ့ ညနေပိုင်းက နေအိမ်အတွင်း အနုကြမ်းစီး ၀င်ရောက်ကာ ပစ္စည်းယူ လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ သြဂုတ်လ(၃၁)ရက်နေ့ ည(၈)နာရီအချိန်ခန့်က အဆိုပါ အိမ်အတွင်း၌ အဒေါ်ဖြစ်သူ ဒေါ်နန်းဝုန်းမိုင် နှင့်အတူ အသက်(၃၆)နှစ်အရွယ်ရှိ မနန်းဟန်နုတို့ ရှိနေစဉ်တွင် အမည်မသိ အမျိုးသား(၃)ဦး ၀င်ရောက်လာပြီး ဓါးပြတိုက်သည့်သဖွယ် အတင်းအဓမ္မ အနုကြမ်းစီးပြီး မနန်းဟန်နုအား ရိုက်နှက်ညှင်းပမ်းကာ နေအိမ်အတွင်းရှိ အဖိုးတန်ပစ္စည်းများကို ထုတ်ယူပေးရန်နှင့် မီးခံသေတ္တာအား ဖွင့်ပေးရန် ပြောကာ မီးခံသေတ္တာအတွင်းမှ အဖိုးတန် လက်ဝတ်ရတနာများ နှင့် ငွေများအပြင် အခြားပစ္စည်းများအား ယူဆောင်သွားကြောင်း သိရသည်။

အဖိုးတန်ပစ္စည်းများကို ယူဆောင်၍ ထွက်ခွာသွားသော အမည်မသိ အမျိုးသား(၃)ဦး၏ ညှင်းပမ်း ရိုက်နှက်မှုကြောင့် အသက် (၃၆)နှစ်ရှိ မနန်းဟန်နုသည် အဆိုပါနေရာ၌ပင် ပွဲခြင်းပြီး သေဆုံးသွားကြောင်း သိရသည်။
::
ကျန်ရှိခဲ့သည့် အဒေါ်ဖြစ်သူ ဒေါ်နန်းဝုန်းမိုင်သည် ၎င်း၏ ဂုတ်ပိုးအား တုတ်ဖြင့် အရိုက်ခံရမှုဒဏ်ကြောင့် သတိလစ်သွားခဲ့ပြီးနောက် ပြန်လည်၍ သတိရလာပြီးမှသာ အနီးအနား နှင့် သက်ဆိုင်ရာသို့ အသိပေး အကြောင်းကြားရတာ ဖြစ်ကြောင်းလည်း သိရသည်။

"ဖြစ်စဉ်ကို သိရတော့ နေအိမ်အတွင်း သွားရောက် ရှာဖွေစစ်ဆေးတဲ့အခါမှာ မီးခံသေတ္တာထဲမှာ ကျပ်တစ်ထောင်တန် တစ်ရွက်ပဲ ကျန်ခဲ့တာကို တွေ့ရတယ်၊ မီးခံသေတ္တာထဲက ရွှေတွေ ငွေတွေယူသွားတဲ့ သဘောမျိုးပဲ"ဟု အခင်းဖြစ်ရာနေရာသို့ သွားရောက် စစ်ဆေးသည့် အဖွဲ့ဝင် တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
::
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်နေသော တရားခံ အမျိုးသား (၃)ဦးကို တာချီလိတ် ရဲတပ်ဖွဲ့မှ အမြန်ဆုံး ဖော်ထုတ် အရေးယူနိုင်ရန်အတွက် စုံစမ်းစစ်ဆေးနေလျက်ရှိပြီး တာချီလိတ်မြို့မ ရဲစခန်းမှ (ပ)၁၈၇/၂၀၁၄၊ ပုဒ်မ(၃၀၂)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
သတင်း ။ ။ ကိုဇောင်း

Tachileik Online News ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment