Pages

Tuesday, September 2, 2014

AIDS ရန်ပုံငွေအတွက် ဂျပန်လိင်ဇာတ်ကား အမျိုးသမီး သရုပ်ဆောင်များ ရင်သားကိုင်ခွင့် ပေးပြီး အလှူခံ

RangonNewsDaily:: September . 2 .2014
ဂျပန်လိင်ဇာတ်ကား အမျိုးသမီး သရုပ်ဆောင်များ အဖွဲ့တစ်ဖွဲ့သည် အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ရေး ရန်ပုံငွေ မြှင့်တင်နိုင်ရန်အတွက် ၎င်းတို့၏ ရင်သားများကို ကိုင်ခွင့်ပေးကာ အလှူခံခဲ့ကြသည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။
၁၈ နှစ်အောက် မကြည့်ရ ရုပ်ရှင်ကားများတွင် ပါဝင် သရုပ်ဆောင်လျက် ရှိသော ဂျပန်အမျိုးသမီး ကိုးဦးသည် ပြီးခဲ့သော စနေနေ့က Boob Aid ဟု အမည်ရသော အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ရေး ရန်ပုံငွေမြှင့်တင်ပွဲတွင် အဝါရောင် တီရှပ်များ ဆင်တူဝတ်ဆင်ကာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သည်။

ထိုကဲ့သို့ လိင်ဇာတ်ကား အမျိုးသမီး သရုပ်ဆောင်များ အလှူခံရာနေရာသို့ အမျိုးသားများ အများဆုံး လာရောက်ကြည့်ရှုပြီး အမျိုးသမီးအချို့လည်း လာရောက် အားပေးသည်ကို တွေ့ရှိရသည်။


ပရိသတ်များသည် ၎င်းတို့၏ လက်များကို သန့်စင်ဆေးရည် ဖျန်းပြီးမှ အမျိုးသမီး သရုပ်ဆောင်များ၏ ရင်သားကို မထိရဲ၊ ထိရဲနှင့် ဖြည်းညင်းစွာသာ ထိတွေ့ခဲ့ကြသည်ကိုလည်း တွေ့ရသည်ဟု CNA သတင်း၌ ဖော်ပြထားသည်။


ဂျပန်လိင်ဇာတ်ကား အမျိုးသမီး သရုပ်ဆောင်များသည် ၂၄ နာရီကြာ ပြုလုပ်သည့် Stop!! AIDS အမည်ရှိ ရန်ပုံငွေပွဲ၏ အစိတ်အပိုင်းတစ်ရပ် အနေနှင့် Boob Aid အစီအစဉ်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့၏ အစီအစဉ်ကို ၁၈ နှစ်အထက် သီးသန့် ဂျပန်ရုပ်သံလိုင်း တစ်လိုင်းမှလည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။


တနင်္ဂနွေနေ့ နေ့လယ်အရောက်တွင် Boob Aid ရန်ပုံငွေ မြှင့်တင်ပွဲတွင် ပါဝင်ဆင်နွှဲသူပေါင်း ၄၂၀၀ ခန့်အထိ ရှိပြီဖြစ်ပြီး အလှူငွေ ယန်းလေးသန်း (အမေရိကန်ဒေါ်လာ ၄၀၀၀၀) ခန့် ရရှိထားပြီးပြီ ဖြစ်ကြောင်း ဂျပန်သတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။


အလှူရှင်တစ်ဦးလျှင် ယန်း ၁၀၀၀ (အမေရိကန်ဒေါ်လာ ၁၀) ခန့် လှူဒါန်းလိမ့်မည်ဟု မျှော်လင့်ထားကြောင်းနှင့် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၈ နာရီခန့်တွင် Boob Aid အစီအစဉ်ကို ပိတ်သိမ်းမည် ဖြစ်ကြောင်း ယင်းအမျိုးသမီး သရုပ်ဆောင်အဖွဲ့က ပြောကြားသည်။


ဂျပန်လိင်ဇာတ်ကား အမျိုးသမီး သရုပ်ဆောင်များ ပါဝင်သည့် Boob Aid အစီအစဉ်ကို အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ရေး ဖောင်ဒေးရှင်း၊ ဂျပန်၏ ထောက်ပံ့ပေးမှုဖြင့် ၂၀၀၃ ခုနှစ်မှ စတင်ပြီး နှစ်စဉ် ကျင်းပလာခဲ့ခြင်း ဖြစ်သည်။


The Voice , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment