Pages

Friday, August 15, 2014

EU သံအမတ်ကြီး ပဲခူးတိုင်းဒေသကြီးမှ ရေဘေးဒုက္ခသည်များနှင့်တွေ့ဆုံ


RangonNewsDaily:: August . 15 .2014
မြန်မာ နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) သံအမတ်ကြီး ရိုလန်ခိုဘီရာသည် ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်ရှိ ကမာကလဲကျေးရွာမှ ကမာကလဲ ရွာ ဦးဘုန်းတော်ကြီးကျောင်းသို့ ဩဂုတ် ၁၃ ရက်တွင် သွားရောက် ကာရေဘေးဒုက္ခသည် ၃၀၀ နီးပါး နှင့်တွေ့ဆုံခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံရှိ EU အဖွဲ့မှ ပဲခူး တိုင်းဒေသကြီးအပါအဝင် မြန်မာ နိုင်ငံတစ်ဝန်း လုံး၌ မကြာသေးမီက ဖြစ်ပွားခဲ့သော ရေကြီးရေ လျှံမှုများ ကြောင့် ဒေသ ခံပြည်သူများ အခက် အခဲနှင့်ရင်ဆိုင်နေရသည်ကို တွေ့ရှိ ခဲ့သည်။
ယင်းကြောင့် EU အဖွဲ့က ရေဘေးဒုက္ခသည်များနှင့်တွေ့ဆုံကာ ၎င်းတို့၏လိုအပ်ချက်များကို မြန်မာ တစ်နိုင်ငံလုံးမှ EU အဖွဲ့၏စီမံကိန်း များမှတစ်ဆင့် ဖြေရှင်းပေး သွားမည် ဟု ဆိုသည်။

ရေဘေးဒုက္ခသည် များနှင့် တွေ့ဆုံစဉ် သံအမတ်ကြီးရိုလန်ခိုဘီ ရာသည် ကြံ့တန်းနှင့်ကမာကလဲကျေး ရွာများမှရေဘေးဒုက္ခသည်များနှင့် လက်ရှိအခြေ အနေများ၊ လိုအပ်ချက် များအပြင် ဒေသခံပြည်သူများဖွံ့ဖြိုး တိုးတက်ရေးအတွက် ကာလရှည်ရင် ဆိုင်နေရသည့်အခက်အခဲများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့သည် ဟုသိရသည်။


ထို့အပြင် သံအမတ် ကြီးခိုဘီရာက ရေဘေးဒုက္ခသည် များကို လက်ခံထားကာ ၎င်းတို့အ တွက် အစားအစာနှင့်တည်းခိုရန် နေရာများ၊ ထောက်ပံ့ပေးနေသော ကမာကလဲရွာဦးဘုန်းတော်ကြီး ကျောင်းမှ ဘုန်းတော်ကြီးများကို လည်း ကျေးဇူးတင်စကားပြောကြား ခဲ့သည်ဟု သိရသည်။


Yangon Media , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment