Pages

Friday, August 15, 2014

ဥရောပ ဘောလုံးလောက အပြောင်းအရွှေ့ သတင်း


RangonNewsDaily:: August . 15 .2014
ခရစ္စတယ်လ်ပဲလေ့စ် မန်နေဂျာ တိုနီပူးလစ်သည် ပရီးမီးယားလိဂ် ရာသီသစ် မစတင်မီ တစ်ရက်အလိုတွင် ရာထူးမှ ရုတ်တရက် နုတ်ထွက်သွားသည်။အာဆင်နယ် တိုက်စစ်မှူးဟောင်း နစ်ကလက်စ် ဘန်တနာသည် ဂျာမန်ကလပ် ဝုလ်ဖ်ဘာ့ဂ်သို့ အလွတ် ပြောင်းရွှေ့သွားပြီ ဖြစ်သည်။

ဆောက်သမ်တန် အသင်းသည် ဟူးလ်စီးတီး တိုက်စစ်မှူး ရှိန်းလောင်းကို စတာလင်ပေါင် (၁၂)သန်းဖြင့် ခေါ်ယူပြီး (၄)နှစ် စာချုပ်တစ်ရပ် ချုပ်ဆိုလိုက်သည်။

ခရစ္စတယ်လ်ပဲလေ့စ် အသင်းသည် လီဗာပူးလ် အသင်း၏ တောင်ပံခံစစ်မှူး မာတင်ကယ်လီကို စတာလင်ပေါင် (၁.၅)သန်းဖြင့် ဝယ်ယူလိုက်သည်။

မန်ချက်စတာ ယူနိုက်တက်နှင့် နာမည်ထွက်နေသည့် ဟွမ်ကွာဒရာဒိုသည် ရီးယဲလ်မက်ဒရစ်နှင့် ကစားမည့် ခြေစမ်းပွဲသို့ အသင်းနှင့်အတူ လိုက်ပါသွားခြင်း မရှိကြောင်း သိရသည်။

ဘာစီလိုနာ အသင်းသည် ပြီးခဲ့သည့် ရာသီက အဲဗာတန်သို့ အငှားချခဲ့သည့် လူငယ် ကစားသမား ဂါရတ်ဒူလိုဖူကို ဆီဗီးလားထံ တစ်ရာသီ အငှားချရန် သဘောတူညီခဲ့သည်။

မန်ချက်စတာ စီးတီးအသင်း၏ ကွင်းလယ်လူ ဂျာဗီဂါစီယာသည် ရုရှားကလပ် ဇင်းနစ်စိန့်ပီတာစဘာ့ဂ်သို့ စတာလင်ပေါင် (၁၃)သန်းဖြင့် ပြောင်းရွှေ့ ရောက်ရှိသွားသည်။

စပို့တင်း လစ္စဘွန်းနှင့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ တစ်ခုတို့ကြား မူပိုင်ခွင့်ကိစ္စ အငြင်းပွားနေမှုကြောင့် မန်ချက်စတာ ယူနိုက်တက် အနေဖြင့် နောက်ခံလူ မားကို့စ်ရိုဂျိုကို ခေါ်ယူရေးအတွက် နှောင့်နှေးမှုများ ကြုံနေရသည်။

တိုက်စစ်မှူးသစ်တစ်ဦး ရှာဖွေနေသော လီဗာပူးလ်သည် အပြောင်းအရွှေ့ ဈေးကွက်မပိတ်မီ ဆွမ်ဆီးစီးတီး တိုက်စစ်မှူး ဝီလ်ဖရိုက်ဒ် ဘိုနီကို ခေါ်ယူသွားနိုင်ရန် ကြိုးစားလျက်ရှိသည်။

ပေါ်တူဂီ ချန်ပီယံ ဘင်ဖီကာ အသင်းသည် မန်ချက်စတာ ယူနိုက်တက်မှ ထွက်ခွာရန် စီစဉ်နေသည့် အရန်ဂိုးသမား အန်ဒါစ် လင်ဒီဂတ်ဒ်ကို ခေါ်ယူရန် ဆွေးနွေးနေသည်။

ရီးယဲလ်မက်ဒရစ် အသင်းက စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လာသည့်နောက် ရာဟင်မ် စတာလင်ကို သက်တမ်းတိုး စာချုပ်နိုင်ရန် လီဗာပူးလ်က စီစဉ်နေကြောင်း သိရှိရသည်။

အသင်းမှ လူငယ်ခြေတက် ကစားသမားလေးများ ဖြစ်ကြသည့် ရော့စ်ဘာကလေနှင့် ဂျွန်စတုန်းတို့ကို ခေါ်ယူရန် ချယ်လ်ဆီး၌ အထူးအခွင့်အရေး ရှိနေကြောင်း သတင်းများကို အဲဗာတန် မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်က ပယ်ချခဲ့သည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment