Pages

Wednesday, August 27, 2014

အင်တာနက်သုံးစွဲခများ Data (အချက်အလက်)အသုံးပြုသည့်ပမာဏအတိုင်း ပြောင်း လဲကောက်ခံရန် မြန်မာ့ဆက်သွယ်ရေးစီစဉ်

RangonNewsDaily:: August . 27 .2014
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်တာ နက်အသုံးပြုခများကို Data (အ ချက်အလက်)အသုံးပြုသည့်ပမာဏ အတိုင်းပြောင်းလဲ ကောက်ခံသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
လက်ရှိ အင်တာနက်အသုံးပြု ခများကို မိနစ်ဖြင့် အသုံးပြုခွင့်ပေး ထားရာမှ မကြာမီလပိုင်းအတွင်း Data နှုန်းဖြင့် တိုင်းတာ၍ ကောက်ခံ သွားမည်ဖြစ်သည်ဟု သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှတာဝန်ရှိသူတစ်ဦးက ''MPT က အော်ပရေတာတစ်ခုအနေနဲ့ ဝန် ဆောင်မှုပေးတဲ့အခါ သုံးစွဲတဲ့ Data စီးဆင်းမှုပမာဏပေါ်မှာ မူတည်ပြီး ပြောင်းလဲကောက်ခံဖို့အတွက် ဆွေး နွေးနေပါတယ်။ နှစ်ကုန်ပိုင်းနီးပါး လောက်မှ ဖြစ်မှာပါ။ မြန်နှုန်းမြင့်လဲ ပိုသုံးမယ်''ဟု ပြောသည်။
::
အော်ပရေတာတစ်ခုအနေဖြင့် ဝန်ဆောင်မှုပေးမည့် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ KDDI,Sumitomo အစရှိသည့် ကုမ္ပဏီများနှင့်ပူးပေါင်း ၍ ဆင်းမ်ကတ်များစတင် ရောင်းချ ချိန်တွင် ယင်းကဲ့သို့ကောက်ခံနိုင်ရန် ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရ သည်။

''တခြားအော်ပရေတာတွေနဲ့ ယှဉ်ပြီး ဝန်ဆောင်မှုပေးတဲ့အခါ သိပ် ကွာခြားမှုမရှိအောင်ဆောင်ရွက်မှာ ပါ။ MB ဘယ်လောက်သုံးရင် ဘယ် လောက်ဖြတ်မယ်။ နှုန်းဘယ်လောက် သတ်မှတ်မလဲဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး'' ဟု ယင်းက ထပ်မံပြောသည်။
::
MPT ၏ မိုဘိုင်းဖုန်းမှအင်တာ နက်အသုံးပြုနေသူမဇာခြည်သူက ''MPTက အခုနောက်ပိုင်း အင်တာ နက်လဲ ပိုကောင်းလာတယ်။ တခြား အော်ပရေတာတွေရှိတော့ သူတို့လဲ လိုင်းပိုကောင်းအောင် လုပ်လာတယ်။ အခုမိနစ်နဲ့ ပိုက်ဆံဖြတ်တာက အဆင် ပြေတယ်။ ဒေတာအလိုက်ဆိုရင် ပိုက်ဆံများများကုန်ပြီး အင်တာနက် သုံးရမလို ဖြစ်နေပြီ'' ဟု ပြောသည်။
::
လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ အင်တာနက်တစ်မိနစ် အသုံးပြုခကို ဂျီအက်စ်အမ်ဖုန်းများ အတွက် နှစ်ကျပ်၊ CDMA နှင့် WCDMA ဖုန်းများအတွက် လေး ကျပ် အသီးသီးကောက်ခံလျက်ရှိ ပြီး ယင်းသို့ Data ဖြင့် အသုံးပြုခ ကောက်ခံရန် ၂ဝ၁၁ခုနှစ်က မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန် ကြေညာခဲ့ဖူးသည်။

Democracytoday ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment