Pages

Wednesday, August 27, 2014

ရှေ့ပြေးလူဦးရေစာရင်း သြဂုတ်(၃၀)တွင်ထုတ်ပြန်မည်


RangonNewsDaily:: August . 27 .2014
ပြည်လုံးကျွတ်သန်းခေါင်စာ ရင်းကောက်ယူရရှိခဲ့သော လူဦး ရေစာရင်းကို သြဂုတ်(၃၀)တွင် တရားဝင်ထုတ်ပြန်မည်ဖြစ် ကြောင်းသိရသည်။
အဆိုပါထုတ်ပြန်မည့် အစီ အစဉ်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဗဟိုသန်းခေါင်စာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမြင့်ကြိုင် က ““ကျွန်တော်တို့လာမည့် သြဂုတ် လ(၃၀)ရက်နေ့မှာတော့ တရား ၀င်ထုတ်ပြန်ပေးပါ့မယ်။ 

သန်း (၆၀) တော့ကျော်သွားစရာအကြောင်း မရှိပါဘူး။ သက်ဆိုင်ရာအဖွဲ့တွေ နဲ့ အဆင့်ဆင့်စစ်ဆေးပြီးတော့၊ နိုင်ငံတကာအကြံပေးအဖွဲ့တွေက လည်း ၀ိုင်းပြီးတော့စီစစ်ပေး တယ်။ အမှားအယွင်းအရှိအောင် အတည်ပြုပြီးတော့၊ ထုတ်ပြန်မှာ ဖြစ်တယ်။ 
::
ပွင်းလင်းမြင်သာစွာနဲ့ အကုန်လုံးကိုချပြပေးမှာပါ။ ဒါ တွေကUN အဖွဲ့တွေရောပေါင်း ပြီးစီစစ်ထားပါတယ်””ဟု မီဒီယာ များကိုပြောကြားထားသည်။

ယခုထုတ်ပြန်မည့်စာရင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ နယ်အလိုက် ကောက်ခံရရှိသည့် လူဦးရေစာရင်းအပြင်၊ ကောက်ခံ ချိန်အတွင်း၌ ကျန်ရှိသည့် လူဦး ရေစာရင်းကို အတိအကျထည့် သွင်းဖော်ပြမည်ဟု သိရသည်။
::
ပြည်လုံးကျွတ်သန်းခေါင်စာ ရင်းကောက်ခံရရှိသော လူဦးရေ စာရင်းကို နိုင်ငံတကာသန်းခေါင် စာရင်း အကြံပေးအဖွဲ့၊ ကမ်္ဘာ့လူ ဦးရေရန်ပုံငွေအဖွဲ့နှင့် ဗဟိုသန်း ခေါင်စာရင်းကော်မတီတို့မှ ပူး ပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

သြဂုတ်လ (၃၀)ရက်နေ့တွင် ထုတ်ပြန်ခြင်းသည်။ ရှေ့ပြေးလူဦး ရေစာရင်းဖြစ်ပြီး နောက်ဆုံး အချက်အလက် အတိအကျများ ကို ၂၀၁၅ခုနှစ်၊ ဧပြီလတွင် ထုတ် ပြန်မည်ဖြစ်ကြောင်းသိရသည်။
::
ထိုကဲ့သို့ထုတ်ပြန်ရာတွင်၊ တိုင်းရင်းသားလူမျိုးစုနှင့် မျိုးနွယ် စုအရေအတွက် အပြောင်းအလဲ ရှိသည့်အတွက် တိုင်းရင်းသားမျိုး နွယ်စုများအတွက် အတိအကျ စာရင်းထုတ်ပြန်နိုင်မည် မဟုတ် ကြောင်းသိရသည်။

hotnews ::--
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment