Pages

Wednesday, August 27, 2014

လေဆိပ်များတွင် ခန္ဓာကိုယ်အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်ထက် ကျော်လွန်ပါက အီဘိုလာ ကူးစက်မှု ရှိမရှိ စစ်မည်

RangonNewsDaily:: August . 27 .2014
နိုင်ငံခြားသား ခရီးသွားများ ဝင်ရောက်မှု အများဆုံးဖြစ်သော ရန်ကုန် အပြည်ပြည်ဆိုင်
ရာ လေဆိပ် အပါအဝင် လေဆိပ်သုံးခုတွင် ခရီးသည်များ၏ ခန္ဓာကိုယ် အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ် ထက်ကျော်လွန်ပါက အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု ရှိမရှိ စစ်ဆေး
မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း ကိုယ်
စား ကူးသန်း ရောင်းဝယ်ရေးနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က ပြောကြားသည်။

သြဂုတ်လ ၂၆ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနှင့် အီဘိုလာဗိုင်းရပ်စ် ရောဂါနှင့် ပတ်သက်ပြီး မည်သို့သော အစီအမံများ ပြုလုပ်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းခြင်းနှင့် ပတ်သက်ပြီး မေးမြန်းရာ ၎င်းက ယင်းသို့ပြောကြားခြင်း ဖြစ်သည်။

နိုင်ငံခြားခရီးသွား ဝင်ရောက်မှု အများဆုံးဖြစ်သော ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ခန္ဓာကိုယ် အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်ထက် ကျော်လွန်နေသည့် ခရီးသွားများ၏ ဖြတ်သန်းလာသော ခရီးစဉ်ပေါ် မူတည်၍ သီးသန့် စောင့်ကြပ်ကြည့်ရှုမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ဦးသန့်မြင့်က ပြောကြားသည်။
::
“စောင့်ကြပ်ကြည့်ရှုမယ့် ကျန်းမာရေး ဝန်ထမ်းတွေအတွက် လိုအပ်တဲ့ပစ္စည်း ကိရိယာတွေကိုလည်း လုံလောက်စွာ ထားရှိပြီး ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် ရောဂါကို ထိန်းချုပ်နိုင်ရန်အတွက် မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီဆေးရုံတွင် လိုအပ်သည့် ဆေးဝါးကုသမှုများကို ပြင်ဆင်ထားကြောင်း ၎င်းက ရှင်းပြသည်။
::
လက်ရှိ အခြေအနေတွင် အီဘိုလာရောဂါ သတိပေး အခြေအနေအဖြစ် သတ်မှတ်ထားပြီး သံသယလူနာ တွေ့ရှိပါက အရေးပေါ် အခြေအနေသို့ ပြောင်းလဲသတ်မှတ်ပြီး အရေးပေါ် ကျန်းမာရေး တုံ့ပြန်မှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာန ရောဂါ စောင့်ကြပ်ကြည့်ရှုရေး အဖွဲ့သည် သြဂုတ်လ ၁၉ ရက်နေ့ညက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်အတွင်း အာဖရိက အနောက်ပိုင်းဒေသတွင် အလုပ်လုပ်ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာသော အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦး ကိုယ်အပူချိန် ပြင်းထန်ပြီး ကိုယ်လက်မအီမသာ ဖြစ်နေသောကြောင့် ဝေဘာဂီ အထူးကုဆေးရုံကို လွှဲပြောင်းပြီး အီဘိုလာ ဗိုင်းရပ်စ်ရောဂါ ရှိမရှိ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
::
ရန်ကုန်မြို့တော်ရှိ ကူးစက်ရောဂါကု ဝေဘာဂီ ဆေးရုံကြီးတွင် အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူဟု သံသယရှိသူ၏သွေးကို ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနတွင် ဓာတ်ခွဲ စစ်ဆေးကြည့်ရာ အီဘိုလာရောဂါပိုး မတွေ့ဘဲ ငှက်ဖျားရောဂါပိုး နှစ်မျိုးသာ စစ်ဆေးတွေ့ရှိရကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

ထို့အပြင် အဆိုပါလူနာ၏ အခြေအနေမှာ တိုးတက်ကောင်းမွန်ပြီး လူနာနှင့်အနီး ကပ်ထိတွေ့သူ လေးဦးမှာလည်း ကျန်းမာရေး လုံးဝကောင်းမွန်ကြောင်း သြဂုတ်လ ၂၅ ရက်နေ့ ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
::
အီဘိုလာဗိုင်းရပ်စ်သည် ယခုနှစ် မတ်လမှ စတင်ကာ အနောက်အာဖရိက နိုင်ငံများဖြစ်သည့် လိုက်ဘေးရီးယား၊ ဂီနီ၊ ဆီရာလီယွန်နှင့် နိုင်ဂျီးရီးယားတို့တွင် ကူးစက်ပျံ့နှံ့လာခဲ့ပြီး လက်ရှိအချိန်ထိ လူပေါင်း ၁၄၂၇ ဦး သေဆုံးခဲ့ရပြီး ဖြစ်သည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment