Pages

Tuesday, August 12, 2014

ကံပေါက်-ထားဝယ်ဓာတ်အားလိုင်းစီမံကိန်းကြောင့် ဒေသခံများ၏ ရော်ဘာပင်များခုတ်လှဲခံရ

RangonNewsDaily:: August . 12 .2014
ထားဝယ်ဒေသရှိ မြို့နယ်များနှင့် ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရန် ကံပေါက်-ထားဝယ် မဟာဓာတ် အားလိုင်းသွယ်တန်းရာ လမ်း ကြောင်းရှိ ဒေသခံများ၏ ဥယျာဉ် များအတွင်းမှ ရော်ဘာပင်များ ခုတ်လှဲခံရကြောင်း သိရသည်။

ယင်းသို့ခုတ်လှဲရာတွင် ဒေသခံများအား အသိပေးခြင်း၊ ညှိနှိုင်း ခြင်းမရှိသောကြောင့် အပင်များခုတ်လှဲခံရသော ဥယျာဉ်ပိုင်ရှင် များက တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဇူလိုင်နောက်ဆုံးပတ်က တင် ပြထားကြောင်း ဒေသခံများက ပြောသည်။

‘‘ဒေသဖွံ့ဖြိုးရေးဆိုပေမယ့် ဒေသခံတွေရဲ့ ဥယျာဉ်ထဲက အ ပင်တွေ ခုတ်လှဲခံရတာကြောင့် သီးနှံလျော်ကြေးပြန်ပေးဖို့ တင် ပြထားတာပါ။ ခုတ်သွားတာက တော့ ကြိုးသွယ်တန်းမယ့်နေရာတစ်လျှောက်လုံးပါပဲ’’ဟု ရော်ဘာပင်ခုတ်လှဲခံရသော ကံပေါက် ဒေသခံတစ်ဦးက ပြောသည်။ 


အဆိုပါဓာတ်အားလိုင်းဆက်လက်သွယ်တန်းမည့် မြေနေရာများတွင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ပိုင် ဆီအုန်းစိုက်ခင်းများ၊ ဒေသခံများ၏ ဥယျာဉ်များရှိသေး သည်။

ရော်ဘာပင်များခုတ်လှဲခံရမှုနှင့်ပတ်သက်၍ ရေဖြူမြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန် ရှိသူများက ဒေသခံများနှင့် လာ ရောက်တွေ့ဆုံထားကာ ခုတ်လှဲ ခံရသော အပင်များစာရင်းကို ကောက်ယူထားသည်။


ကံပေါက်-ထားဝယ်မဟာ ဓာတ်အားလိုင်း ၆၆ ကေဗီ သွယ်တန်းခြင်းလုပ်ငန်းကိုလျှပ် စစ်စွမ်းအားဝန်ကြီးဌာန၊ဓာတ် အားပို့လွှတ်ရေးဌာနက ဆောင် ရွက်နေကာ မိုင် ၅၀ ကျော် ကွာ ဝေးကြောင်း သိရသည်။


ယင်းဓာတ်အားလိုင်းသွယ် တန်းမှုသည် ယခင်ကွန်ကရစ် တိုင်များ စိုက်ထူထားသောလမ်း ကြောင်းအတိုင်း သွယ်တန်းနေပြီး ထားဝယ်မှ သွယ်တန်းနေသော အဖွဲ့သည် ၁၆ မိုင်ကျော်ဝေး သော ရေဖြူမြို့အနီးထိ ပြီးစီးနေ ကာ ကံပေါက်မှ ငါးမိုင်ဝန်းကျင် အထိ ပြီးစီးနေပြီဖြစ်သည်။


ထားဝယ်မှ ဓာတ်အားလိုင်း သွယ်တန်းထားသော နေရာများ တွင်လည်း ကျေးရွာများအကြား ဖြတ်သန်းခြင်း၊ လယ်ကွင်းများ၊ လူနေအိမ်များနှင့် ဒေသခံများ၏ ဥယျာဉ်များရှိသော်လည်း ခုတ်လှဲ ခြင်းများမရှိပေ။


အဆိုပါ မဟာဓာတ်အား လိုင်းသွယ်တန်းထားသည်နှင့် ပေ ၃၀ ခန့်အကွာတွင် အဆောက် အအုံနှင့်လူများနေထိုင်ရန် မသင့်သောကြောင့် ထားဝယ်မြို့ ဗျောတောဝရပ်ကွက်နှင့် ညောင် ရမ်းတောင်ရပ်ကွက်အတွင်းရှိ ဓာတ်အားလိုင်းဖြတ်သန်းမည့် နေရာများမှ လူနေအဆောက်အအုံအချို့ကို အစားထိုးမြေကွက်များသို့ ရွှေ့ပြောင်းပေးရန် အကြောင်း ကြားထားခြင်းများလည်း ရှိသည်။


Today Myanmar , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment