Pages

Tuesday, August 12, 2014

Apple iMac 27-inch (Intel Core i5-4670)


RangonNewsDaily:: August . 12 .2014
စွမ်းဆောင်ရည်
All in one PC တစ်လုံးဖြစ်ပြီး စတုတ္ထမျိုးဆက်၏ Intel Core i5 3.4GHz ပါရှိမည်ဖြစ်သည်။ Graphic Nvidia Geforce GT 755M 1GB နှင့် Nvidia Geforce GTX 775M 2 GB ဖြင့်နှစ်မျိုးရှိမည်ဖြစ်သည်။

Graphic ဒီဇိုင်နာများအတွက် အထူး သင့်တော်မည်ဖြစ်သည်။ Memroy 8GB DDR3 ပါရှိမည်ဖြစ်ပြီး Storage Memory 1128GB အထိထည့်သွင်းထားမည်ဖြစ်သည်။ အသေးစိတ်အချက်အလက် HD Camera, Dual microphones, Stereo Speaker တို့ပါရှိမည်ဖြစ်သည်။

Port အနေဖြင့် Headphone port, SDXC Card Slort, USB3.0 (4 Port), 2 Thunderbolt port, RJ-45 Port တို့ပါရှိမည်ဖြစ်သည်။ Wireless 802.11 a/b/g/n အသုံးပြုနိုင်ပြီး Bluetooth 4.0 အသုံးပြုနိုင်မည်ဖြစ်သည်။

အားသာချက်
အမြင့်မားဆုံး Processor နှင့် Graphic တို့၏ အရည်အသွေးတို့နှင့်အတူ USB 3.0 နှင့် Thunderbolt တို့ကိုလည်း အသုံးပြုနိုင် မည်ဖြစ်သည်။

အားနည်းချက်
Touch Screen အသုံးပြုနိုင်ခြင်း မရှိသည့်အပြင် SD Card Slot ကိုလည်း အနောက်ဘက်တွင်သာ အသုံးပြုနိုင်မည်ဖြစ်သည်။ RAM Memory တို့ကို ထပ်တိုးနိုင်ခြင်းမရှိသည့်အပြင် HDMI Adapter ကိုလည်းလိုအပ်မည်ဖြစ်သည်။

ဒီဇိုင်း
Aluminium နှင့် Glass တို့ကိုဖြင့် ဖွဲ့စည်းတည်ဆောက်ထားမည် ဖြစ်သည်။ ၂၇လက်မမျက်နှာပြင်နှင့် အတူ Resolution 2560x1440 အထိ အထောက်အ ပံ့ ပေးထားမည် ဖြစ်သည်။ အမြင့် ၂၀.၃လက်မ၊ အလျား ၂၅.၆လက်မနှင့် အလေးချိန် ၂၁ ပေါင်ရှိမည်ဖြစ်သည်။

တန်ဖိုး
Graphic 1 GB ထည့်သွင်းထားသည့် အမျိုးအစားကို သိန်းနှစ်ဆယ်ဝန်းကျင်ရှိပြီး Graphic 2GB ထည့်သွင်းသည့် အမျိုးအစားကို နှစ်ဆယ့်နှစ်သိန်း ဝန်းကျင်ရှိမည်ဖြစ်သည်။ ဝယ်ယူလိုပါက Neo Tech ဖုန်း - ၃၉၈၁၉၉၊ ၇၁၀၇၅၂သို့ ဆက်သွယ် ဝယ်ယူနိုင်မည်ဖြစ်သည်။

Internet Journal , KOLATT(PBDN)
RangonNewsDaily

 

0 comments:

Post a Comment