Pages

Tuesday, August 12, 2014

ရန်ကုန်တွင် ယာဉ်မတော်တဆမှုကြောင့် တစ်ရက်လျှင်တစ်ဦး သေဆုံးနေ

RangonNewsDaily:: August . 12 .2014
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်၌ တစ်လအတွင်း ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၃၁ ဦးသေဆုံးပြီး ၁၆၇ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာနယ်နိမိတ်တွင် ဇူလိုင်လတစ်လ အတွင်း ယာဉ်မတော်တဆမှု ၁၈၅ မှုဖြစ် ပေါ်ခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး ၃ဝ၆၆၅ သိန်း ခန့်ရှိကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ် ဖွဲ့ခွဲမှူးရုံးမှသိရသည်။
''ယာဉ်မတော်တဆမှုတွေ အ များဆုံး ကျူးလွန်တာကတော့ ကိုယ်ပိုင် ယာဉ်တွေပါ။ ဒုတိယကတော့ တက္ကစီကား ဖြစ်ပါတယ်။ ယာဉ်ကို မဆင်မခြင်မောင်း နှင်မှုကြောင့် ဖြစ်တာများတယ်''ဟု အ မှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ ဒု ရဲမှူးမျိုးအောင်မြင့်က ပြောသည်။

ယာဉ်မတော်တဆမှုများမှာ လှိုင် သာယာ၊ အင်းစိန်၊ မင်္ဂလာဒုံနှင့် မြောက်ဥက္က လာပမြို့နယ်များတွင် အများဆုံးဖြစ်ပွား ကြောင်း သိရပြီး နေ့ဘက်ထက် ညဘက် အချိန်တွင် ပိုမိုဖြစ်ပွားလေ့ရှိကြောင်း သိ ရသည်။

''ကားအသစ် တင်သွင်းမှုတွေ များလာပြီး သေချာသင်တန်းတက် သင်ထား တာ မဟုတ်တဲ့သူတွေ၊ ကျွမ်းကျင်မှု မရှိတဲ့ သူတွေ ဒီတိုင်း တက်မောင်းလာကြတယ်။ တချို့ဆို ညဘက်မှာ ကားမောင်း သင်တာ တွေလဲရှိတယ်''ဟု ကိုယ်ပိုင်ယာဉ်မောင်း နှင်သူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး စည် ပင်သာယာနယ်နိမိတ်၌ ဇူလိုင်လအတွင်း ယာဉ်မတော်မဆဖြစ်ပွားမှုနှုန်းမှာ ယခင် ဇွန်လနှင့်နှိုင်းယှဉ်ပါက အနည်းငယ်လျော့ နည်းသွားကြောင်းသိရပြီး ဇွန်လတွင် ယာဉ်မတော်တဆမှု ၁၉ဝ မှုအထိဖြစ်ပွား ခဲ့ကြောင်း သိရသည်။

Yangon Media 
, KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment