Pages

Monday, August 11, 2014

လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး တစ်ကိုယ်တော်ဆန္ဒပြတောင်းဆို


RangonNewsDaily:: August . 10 .2014
လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေး ၀တ်ဖြူစင်ကြယ်ဝတ် အမျိုးသားတစ်ဦးက ရန် ကုန်မြို့ရှိ မြို့နယ်လေးမြို့

နယ် သို့လှည့်လည်၍ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့သည်။
ဩဂုတ် ၉ ရက်တွင် ဝတ်ဖြူ စင်ကြယ်ဝတ်ထားသော ကိုဇော် ကြီးသည် သမ္မတဦးသိန်းစိန်၊ ကာချုပ်ဗိုလ်ချုပ်
မှူးကြီး မင်း အောင်လှိုင်၊ လွှတ်တော်နာယက သူရဦးရွှေမန်း၊ ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ပါ
ဝင် သော လေးပွင့်ဆိုင်တွေ့ဆုံဆွေး နွေးရန် စာတန်းများပါ ဗီနိုင်းနှစ် ချပ်ကိုထမ်း၍ လေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရန်မှာ မြန်မာနိုင်ငံ အတွက် အလွန်အရေးကြီးသည် ဟုဆိုကာ ကျောက်တံတား၊ ပန်း ဘဲတန်း၊ လသာ၊ လမ်းမတော် စသည့်မြို့နယ်လေးမြို့နယ်ကို လှည့်လည်ကာ လမ်းလျှောက် ဆန္ဒပြတောင်းဆို
ခဲ့ခြင်းဖြစ်သည်။

‘‘ဒီလေးပွင့်ဆိုင်ဆွေးနွေးဖို့ အတွက်ကို ပြည်သူတွေက တောင်းဆိုနေတာကြာပါပြီ။ ဘာ ဖြစ်လို

့မဆွေးနွေးနိုင်ရတာလဲဆို တာ ပြည်သူတွေကို ပြောပြသင့် ပါတယ်။ ပြည်သူတွေအားလုံးက လေးပွင့်
ဆိုင်ဆွေးနွေးပွဲဖြစ်စေ ချင်တဲ့ အာသီသအရမ်းပြင်းပြနေ ကြပါပြီ။ ပြည်သူ့မျက်နှာ၊ တိုင်း ပြည်မျက်နှာကိုကြည့်
ပါလို့ နောက်ဆုံးတောင်းဆိုချင်ပါ တယ်’’ဟု ဩဂုတ် ၉ ရက် နံနက် ပိုင်းက လေးပွင့်ဆိုင်တွေ့ဆုံဆွေး နွေးရန် ဝတ်ဖြူစင်ကြယ်ဝတ်၍ တစ်ကိုယ်တော်လမ်းလျှောက် ဆန္ဒထုတ်ဖော်သူ ကိုဇော်ကြီးက ပြောသည်။

‘‘လေးပွင့်ဆိုင် တွေ့ဆုံဆွေး နွေးပွဲဖြစ်မြောက်ရေးတောင်းဆို ကြ’’ ‘‘လွတ်လပ်အေးချမ်းမှု အပြည့်ခံစားရ

ရင် ပြည်သူတွေ သင်ပုန်းချေနိုင်မှာအပြည့်အဝယုံ ကြည်ပါတယ်။ အာဃာတအမုန်း တရားမနာလိုဝန်တိုမှု
များ (၂၀) ရာစုမှာ ချန်ထားခဲ့ပါ’’စသော စာတန်းများပါ ဗီနိုင်းများကိုထမ်း ၍ လမ်းလျှောက်ဆန္ဒပြတောင်း
ဆို ခြင်းဖြစ်သည်။

ဆန္ဒပြတောင်းဆိုရာတွင် ပန်းဘဲတန်းမြို့နယ်တစ်မြို့နယ် သာ ခွင့်ပြုချက်ရရှိပြီး ကျောက် တံတား၊ လသာ၊ လမ်းမတော် စသည့် မြို့နယ်သုံးမြို့နယ်သို့လမ်းလျှောက်ဆန္ဒပြရာတွင် ခွင့် ပြုချက်မရှိကြောင်း သတင်းရရှိ သည်။

တစ်ကိုယ်တော်ဆန္ဒပြနေသည့် အမျိုးသားတစ်ဦးကိုတွေ့ရစဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)


7Day Daily , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment