Pages

Monday, August 11, 2014

မန္တလေးပဋိပက္ခ အုပ်စုဖွဲ့ အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ပါဝင်သူများကို နှစ်ချီ ထောင်ဒဏ်များချမှတ်

RangonNewsDaily:: August . 10 .2014
မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေးပဋိပက္ခအသွင် အုပ်စုဖွဲ့အကြမ်းဖက်မှုတွင် ပါဝင်သည်ဟု သံသယရှိကာ တရားစွဲဆိုထားသူများထဲမှ လူ ၁၁ဦးကို ပြစ်မှုထင်ရှားသဖြင့် နှစ်ချီသော ထောင်ဒဏ်များချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းက ဖြစ်ပွားခဲ့သော မန္တလေးမြို့အုပ်စုဖွဲ့ အကြမ်းဖက်မှုဖြစ်စဉ်များအနက် ဇူလိုင်လ ၂ရက်ညပိုင်းက ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၆)ရဲစခန်းကို ခဲများဖြင့်ပစ် ပေါက်သူများထဲမှ အမျိုးသားလေးဦး၊ ဇူလိုင်လ ၄ရက်က ကို ထွန်းထွန်းနာရေးပို့ဆောင်ပြီးပြန်လာစဉ် ရုန်းရင်း ဆန်ခတ်ဖြစ်စေရန် အော်ဟစ်ဆူပူသူ အမျိုးသားခုနစ်ဦး စုစုပေါင်း ၁၁ဦးတို့ကို မန္တလေးခရိုင် တရားရုံးက သြဂုတ်လ ၈ရက်တွင် အနိမ့်ဆုံး ထောင်ဒဏ်သုံးနှစ်နှင့်အထက် ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေးပဋိပက္ခအသွင် အုပ်စုဖွဲ့အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို ထိရောက်ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးရဲမြင့်ကပြောကြားထားပြီးယခု အခါ အုပ်စုဖွဲ့အကြမ်းဖက်မှုကျုးလွန်ရာတွင် ပါဝင်သူများအနက် လူအချို့ကို ပြစ်ဒဏ်များစတင်ချမှတ်ခြင်းဖြစ်သည်။

ဇူလိုင်လဆန်းပိုင်းက မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့်လူနှစ်ဦး သေဆုံးကာ လူနှစ်ဆယ်ခန့်ထိ ခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အ တွက် ဇူလိုင် ၃ရက်မှ စတင်ကာ မန္တလေးမြို့တွင် ညမထွက်ရအ မိန့်ပုဒ်မ ၁၄၄ထုတ်ပြန်ခဲ့သည်။ လက်ရှိအချိန်တွင် မန္တလေးမြို့ တွင် ညမထွက်ရအမိန့်ထုတ်ပြန် ထားသည်မှာ အချိန်တစ်လကျော် ကြာမြင့်နေပြီဖြစ်ပြီး ညမထွက်ရ အမိန့်ဖောက်ဖျက်မှုကြောင့် ဖမ်းဆီးခံရသူစုစုပေါင်းမှာလည်း လူ ၁၄၀၀ခန့် ရှိနေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မန္တလေးမြို့အဓိကရုဏ်းနှင့် ပတ်သက်၍ အမှုပေါင်း ၁၉မှု ဖြစ်ပွားခဲ့ပြီးလူ ၅၆ဦးကို ဖမ်းဆီးထား ၍ ၃၆ဦးမှာ ထွက်ပြေးလွတ်မောက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သြဂုတ် ၂ရက်က နောက်ဆုံးအကြိမ် သတင်းထုတ်ပြန်ထားသည်။

လူသတ်မှုနှစ်မှုမှ ဖမ်းမိသူ ၁၄ဦး၊ ထွက်ပြေးလွတ်မြောက်နေသူရှစ်ဦး၊ နာကျင်စေမှုလေးမှုမှ ဖမ်းဆီးရမိသူရှစ်ဦး၊ ထွက်ပြေး လွတ်မြောက်နေသူ ၂၈ဦး၊မီးရှို့မှု တစ်ခုမှ ဖမ်းဆီးရမိသူ ၁၅ဦး၊အ ဆောက်အအုံဖျက်ဆီးမှု၊ရုန်းရင်း ဆန်ခတ်မှု၊ သွေးထိုးလှုံ့ဆော်မှုကဲ့သို့ အခြားအမှုသုံးမှုမှ ဖမ်းဆီးရမိသူ ၁၁ဦး၊ ရဲအက် ၃၅(ဃ)ဖြင့် ဖမ်းဆီးရမိသူ သုံးဦးရှိပြီး ၎င်းတို့ ကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နေသည်ဟုဆိုသည်။

မန္တလေးပဋိပက္ခ စတင်ဖြစ်ပွားစေခဲ့သည့် အဓိကအကြောင်း ရင်းဖြစ်သည့် အဓမ္မပြုကျင့်သည် ဟု လီဆယ်တိုင်တန်းသူများမှ အမျိုးသားကိုးဦးနှင့် အမျိုးသမီးငါးဦး တို့ကိုလည်း ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှသတင်း ရရှိသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment