Pages

Monday, August 11, 2014

"အကြွေးတော်ပုံ အောင်ရမည်" ဇာတ်ကား၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကြည့်ရှုရမည်


RangonNewsDaily:: August . 11 .2014
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျာနယ်၊ သတင်းစာများ၌ ပြောဆိုခဲ့သည့် မှတ်သားဖွယ်စကားများကို ကောက်နှုတ်ပြီး "့ အကြွေးတော်ပုံ အောင်ရမည် ဇာတ်ကားသည် နယ်မြို့များရှိ ပရိသတ်များ အသိပညာရရှိစေရန် ရည်ရွယ်ရိုက်ကူးထားပြီး၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပရိသတ်များ ကြည့်ရှုရမည်ဟု ဒါရိုက်တာဇေပါက ပြောသည်။

ယင်းဇာတ်ကားတွင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်မြို့နယ်ရှိ ပုပ္ပားတောင် ဒေသရှုခင်းများကို ပေါင်းစပ်ပြီး ရိုက်ကူးထားခြင်း ဖြစ်သည်။

အခုရိုက်ခဲ့တဲ့"အကြွေးတော်ပုံ အောင်ရမည်"ဇာတ်ကားမှာ ဇာတ်အိမ်ထပ် အဲ့ဒီထဲမှာပါတဲ့ ဒိုင်ယာလော့ခ်တွေက သတင်စာ၊ ဂျာနယ်တွေအရောက်နည်းတဲ့ဒေသတွေ အတွက် ရိုက်ကူးထားတာပါ။ 


သတင်းစာတွေက မြန်ဆန်စွာ ဖော်ပြပေးမယ့် တချို့သော နယ်ဒေသတွေမှာ အဲ့ဒီသတင်းစာတွေ၊ ဂျာနယ်တွေက မရောက်တာမျိုးတွေ ရှိတာကြောင့်ပါ။ ဇာတ်ကားမှ အကြိုက်ဆုံး ဒိုင်ယာလော့ခ်က"သုံးသိန်းမကျော်ရင် လာဒ်စားမှု မမြှောက်ဘူး၊ နွားနို့ပဲသောက်ပါ၊ သမ္မတတောင် ခေါင်းပေါင်းနဲ့ တိုက်ပုံ ရှိရင်ရတယ်။ ကတော်တွေက ဝတ်စုံသုံးစုံဆောင်ရတယ်၊ ဆင်ဆာကဒ် အမှတ်တံဆိပ်မပါသောခွေကို ငါကဗီဒီယိုအခြေခံ အဖွဲ့ချုပ်ကွ အဲ့ဒါတွေမလိုဘူး" ပါဝင်သည်ဟု ၎င်းပြောသည်။

ယင်းဇာတ်ကားတွင် ပုပ္ပါးမြို့ ဗီဒီယိုအခြေခံအဖွဲ့ချုပ်၏ တူတစ်ဦးသည် ဗီဒီယို အငှားဆိုင် ဖွင့်ထားပြီး ယင်းမြို့၏ အုပ်ချုပ်ရေးမှူး တူမနှင့် ချစ်ကြိုက်နေသည့် ဇာတ်လမ်းကို ရိုက်ကူးထားခြင်း ဖြစ်သည်။


ယင်းဇာတ်ကားတွင် ခန့်စည်သူ၊ အိချောပို၊ ဇော်ဝင်းနိုင်၊ ဆင်မ၊ မင်းဇော်၊ ဆည်းဆာ၊ ကံပွင့်၊ အေးအေးခိုင်နှင့် အခြားသရုပ်ဆောင်များလည်း ပါဝင်ပြီး ဝတ္ထုဝေမှူးသွင်၏ "ဘယ်သူမှ အရူးမဟုတ်ဘူး" ဇာတ်လမ်းဇာတ်ညွှန်း (ချင်းတွင်း) တာယာ ဖြစ်သည်။

MizzimaDaily , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment