Pages

Wednesday, August 20, 2014

နိုင်ကျဉ်းအဓိပ္ပာယ် သတ်မှတ်ချက်အရ ဦးနေ၀င်းမြေးများ နိုင်ကျဉ်းစာရင်းတွင် မပါ

RangonNewsDaily:: August . 20 .2014
နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် သတ်မှတ်ချက်သစ်အရ နိုင်ငံတော်ပုန်ကန်မှုဖြင့် နှစ် ရှည်ထောင်ဒဏ်များချမှတ်ခံခဲ့ရ သည့် အာဏာရှင်ဦးနေ၀င်း၏မြေး များအား နိုင်ငံရေးအကျဉ်းသား များအဖြစ် သတ်မှတ်လိမ့်မည် မဟုတ်ကြောင်း နိုင်ငံရေးအကျဉ်း သားအခွင့်အရေးလှုပ်ရှားသူများ ကပြောကြားလိုက်သည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ကို ၂၆ နှစ်ကျော်အကြာ အာ ဏာရှင်အဖြစ် အုပ်စိုးခဲ့သူ ဗိုလ် ချုပ်ကြီးဟောင်းနေ၀င်း၏ မိ သားစုဝင်များသည် ၂၀၀၂ ခုနှစ် အတွင်းက နိုင်ငံတော်ပုန်ကန်မှု များဖြင့် တရားစွဲဆိုခံရပြီး အကျဉ်း ချခံခဲ့ရခြင်းဖြစ်သည်။

ပြီးခဲ့သည့်လပိုင်းအတွင်းက ပြန်လည် လွတ်မြောက်လာခဲ့ သည့် ဦးနေ၀င်း၏ မြေးများအား နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ခြင်းရှိ၊ မရှိသည် မကြာ ခဏ အငြင်းပွားလျက်ရှိသော် လည်း အသစ်သတ်မှတ်လိုက် သည့် စံနှုန်းများအရ ၎င်းတို့ကိုနိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်မည် မဟုတ်ကြောင်း နိုင်ငံရေး အကျဉ်းသားအခွင့်အ ရေးလှုပ်ရှားသူများကပြောကြား လိုက်သည်။

၎င်းတို့အား စွဲဆိုခဲ့သည့် ပြစ်မှုဆိုင်ရာပုဒ်မများသည် နိုင်ငံရေး အကျဉ်းသားအဖြစ် ဥပဒေကြောင်းအရ သတ်မှတ်ထားသည့် ပုဒ်မများဖြစ်သော်လည်း နိုင်ငံ ရေး အကျဉ်းသားများအခွင့်အရေးလှုပ်ရှားသူများ သတ်မှတ် လိုက်သည့်စံနှုန်းများအရ နိုင်ငံ ရေးအကျဉ်းသားအဖြစ် သတ် မှတ်လိမ့်မည်မဟုတ်ကြောင်း တရား လွှတ်တော်ရှေ့နေ ဦးကိုနီကပြော သည်။

‘‘အခုရေးထားတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်အရဆိုရင် အဲဒီလိုပုဒ်မ ကို အခြေမခံဘူး၊ လုပ်ရပ်ကိုပဲ အခြေခံပြီးတော့ ရေးထားတာ။ ဒါကြောင့်မို့လို့ အန်ကယ်တို့ဖွင့် တဲ့အဓိပ္ပာယ်သတ်မှတ်ချက်အ တိုင်းဆိုရင်တော့ အဲဒီလိုလူမျိုး မပါဘူး’’ ဟု နိုင်ငံရေး အကျဉ်း သားများအရေးအ ဓိပ္ပာယ်ဖွင့်ဆို ချက်အလုပ်ရုံဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဦးကိုနီက ပြန်လည်ဖြေကြားသည်။

ပြည်တွင်းပြည်ပမှ နိုင်ငံရေး အကျဉ်းသားအခွင့်အရေးလှုပ် ရှားသူများ၊ ဥပဒေပညာရှင်များ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံရေး အကျဉ်းသားများစသည့်အဖွဲ့အ စည်းအသီးသီးမှ ကိုယ်စားလှယ် ၇၀ ကျော်က ရန်ကုန်မြို့သင်္ဃန်း ကျွန်းမြို့နယ် ဓမ္မပီယရိပ်သာတွင် သြဂုတ် ၁၇ ရက်မှစတင်၍ နှစ် ရက်ကြာတွေ့ဆုံခဲ့ကာ နိုင်ငံရေး အကျဉ်းသား သတ်မှတ်နိုင်ရေး စံနှုန်းများ ရေးဆွဲထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment