Pages

Wednesday, August 20, 2014

မြွေမျိုးစုံသယ်လာသည့် ကားတစ်စီး အမြန်လမ်းတွင် ဖမ်းမိ


RangonNewsDaily:: August . 20 .2014
မြွေမျိုးစုံကို အိတ်များ ဖြင့်ထည့်ကာ အိမ်စီးကားတစ်စီး ဖြင့် သယ်လာသူများကို အမြန် လမ်းရှိ နေပြည်တော်တိုးဂိတ် တွင် ယာဉ်မောင်းမှာမူ ထွက်ပြေး သွားကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန် လမ်းရှိ နေပြည်တော်တိုးဂိတ်တွင် သြဂုတ် ၁၇ ရက် နံနက်အချိန်က ရန်ကုန်မှ မန္တလေးသို့ မောင်းလာ သည့် မတ်တူးအမျိုးအစား ယာဉ် ကို စစ်ဆေးခဲ့ရာ ယင်းကားကို မောင်းလာသော ရှမ်းပြည်နယ်၊ မူ ဆယ်မြို့မှ ယာဉ်မောင်းမှာ ထွက် ပြေးသွားသည်။

ထိုအချိန်တွင် ကားအတွင်း ရှာဖွေရာ အမျိုးသားနှစ်ဦးနှင့်အ တူ တရားမ၀င်သယ်လာသော မြွေပွေး၊ မြွေဟောက်နှင့် လင်း မြွေများ ထည့်ထားသော အိတ် ၂၂ အိတ်ကို တွေ့ရှိရကြောင်း နေ ပြည်တော်တိုးဂိတ်မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

‘‘မြွေတွေကို အိတ်တွေထဲ ထည့်ထားတာ သေတဲ့အကောင် လည်းသေဆိုတော့ သေချာစစ်ဆေးပြီး ရန်ကုန်က အဖွဲ့တွေဆီအကြောင်းကြားပြီး ဒီနေ့ပဲ လွှဲပေးဖို့ စာရင်းလုပ်နေတယ်။ တစ်အိတ်ကို ငါးပိဿာဆီရှိတဲ့ ၂၂ အိတ်ဆိုတော့ ရှင်တဲ့အကောင်ရေကို တွက်နေကြတယ်’’ ဟု နေပြည်တော်တိုးဂိတ်မှ တာဝန်ကျ ရဲအရာရှိက ပြောသည်။

ထို့ကြောင့် ၎င်းတို့သုံးဦးအား ပလွေးအမြန်လမ်းရဲစခန်းမှ တော ရိုင်းတိရစ္ဆာန်၊ သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ် မြေများ ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၆ (က)ဖြင့် ဆေးဝါးစက်ရုံ မှ မြွေဆိပ်ဖြေဆေးထုတ်ရန် တစ် ကောင်လျှင် ငါးဆယ်ကျပ်သား အထက်ရှိသော မြွေပွေးနှင့် မြွေ ဟောက်တစ်ကောင်လျှင် ကျပ် သုံးထောင်ဖြင့် ၀ယ်ယူရန် သြ ဂုတ် ၇ ရက်က နိုင်ငံပိုင်သတင်း စာများတွင် ကြေညာထားသည်။

ယခု မြွေများမှာ ရန်ကုန်မှ မန္တလေး၊ ထိုမှတစ်ဆင့် တရုတ် နိုင်ငံသို့ တင်ပို့ရန် ဖြစ်နိုင်ကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူတစ်ဦး က ပြောသည်။

ဖမ်းဆီးရမိသော မြွေထည့်ထားသည့် အိတ်များကိုတွေ့ရစဉ် (ဓာတ်ပုံ - ရဲဇာနည်)

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment