Pages

Wednesday, August 20, 2014

ဗီဇာနှင့်အချက်အလက်များ သေချာစွာစစ်ဆေးပြီးမှလာရန် မလေးရှားရှိမြန်မာသံရုံးသတိပေး

RangonNewsDaily:: August . 20 .2014
မလေးရှားနိုင်ငံ၊ ကွာ လာလမ်ပူလေဆိပ်တွင် မြန်မာ နိုင်ငံသား ၇၅ ဦး ဖမ်းဆီးထိန်း သိမ်းခံရပြီးနောက် မလေးရှား နိုင်ငံသို့ လာရောက်မည့် မြန်မာ များအတွက် မလေးရှားနိုင်ငံ မြန်မာသံရုံးက သြဂုတ် ၁၈ ရက် တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။
မြန်မာနိုင်ငံသား ၇၅ ဦး ဖမ်းဆီးထိန်းသိမ်းခံရပြီး ၅၂ ဦးအား ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်ခြင်းကြောင့် မလေးရှားနိုင်ငံ မြန်မာသံရုံးက ပြစ်ဒဏ်ကို သက်ညှာစွာ စဉ်းစားပေးရန်နှင့် ကျန်အပြစ်မဲ့ ထိန်းသိမ်းခံထားရသော သူများအား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်နိုင်ရန် မလေးရှားနိုင်ငံ သက်ဆိုင်ရာအစိုးရများနှင့် သံ တမန်နည်းလမ်းအရ လုပ်ဆောင် နေကြောင်း အဆိုပါကြေညာချက် တွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံသို့ လာ ရောက်မည့် မြန်မာနိုင်ငံသားများ အနေဖြင့် မိမိ၏ နိုင်ငံကူးလက် မှတ်တွင် ပါရှိသည့် ပြည်ဝင်ခွင့် (ဗီဇာ)အပါအ၀င် အခြားအချက် အလက်များကို ပြည့်စုံမှန်ကန်မှု ရှိစေရန် အထူးဂရုပြုဆောင်ရွက်သင့်ကြောင်း မလေးရှားနိုင်ငံ မြန်မာသံရုံးက တိုက် တွန်းနှိုးဆော်ထားသည်။

‘‘သံအမတ်ကြီးကိုယ်တိုင် ပြည်ထဲရေးဌာနကို သွားပြီး မေတ္တာရပ်ခံထားပါတယ်။ ပြစ် ဒဏ်တွေလျှော့ပေါ့ပေးဖို့နဲ့ အပြစ် မရှိတဲ့ ကျန်တဲ့မြန်မာတွေကို အမြန်ဆုံးပြန်နိုင်အောင် လုပ် ဆောင်နေပါတယ်’’ဟု မလေးရှား နိုင်ငံ မြန်မာသံရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သြဂုတ်လ ၁၂ ရက်တွင် ဗီဇာအတုများဖြင့် လာရောက်သော မြန်မာ ၇၂ ဦးကို ရုံးထုတ်စစ်ဆေး ရာ ဗီဇာအတုများဖြင့် လာရောက် သူ မြန်မာ ၅၂ ဦးအား ထောင်ဒဏ်တစ်နှစ်စီချမှတ်လိုက်သည်။ ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့သော ၂၀ ဦးကို မလေးရှားနိုင်ငံ လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ထားရှိပြီး ၎င်းတို့အား ခေါ်ဆောင်လာသူ သုံးဦးကို ယနေ့ပြစ်ဒဏ် ချမှတ်ပြီးမှ မြန်မာနိုင်ငံသို့ ပြန်ပို့မည် ဖြစ်သည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment