Pages

Tuesday, July 15, 2014

MPT နဲ့ဂျပန် KDDI တရားဝင်လက်မှတ်ထိုးပြီ

RangonNewsDaily:: July . 15 .2014
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT နဲ့ ဂျပန်နိုင်ငံ အခြေစိုက် KDDI ကုမ္ပဏီ တို့ တရားဝင်ပူးပေါင်းမှုအတွက် လက်မှတ်ရေးထိုးတော့မယ်လို့သိရပါတယ်။
ဇူလိုင်လ ၁၆ ရက်နေ့ မနက်နေပြည်တော်မှာပြု လုပ်မှာဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးနဲ့ KDDI တို့ သုံးလကျော်ဆွေးနွေးပြီးမှ အပြီးသတ်ပူးပေါင်းမှုစာချု ပ်ချု ပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတဦးက ` ပူပေါင်းမယ့် plan ကတော့ ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့လုပ်ငန်းအကုန်လုံးပါပဲ။နှစ်ဖွဲ့ပူးပေါင်းပြီး ပြို င်ဘက်တွေနဲ့ယှဉ်ပြို င်နိုင်အောင်လုပ်မယ်။ ´ လို့ပြောပါတယ်။

မြန်မာ့ဆက်သွယ်ရေးနဲ့ KDDI ပူးပေါင်းအဖွဲ့အနေနဲ့ လက်ရှိထက် ဆင်းကတ်များများပိုရောင်းနိုင်အောင် အင်တာနက်bandwidth တိုးချဲ့နိုင်အောင်ပြုလုပ်သွားမယ်လို့သိရပါတယ်။ ဒါ့အပြင်မူလကဈေးကွက်နေရာရပြီးသားဖြစ်တာကြောင့်တခြားအော်ပရေတာတွေထက် စောလျင်စွာဆင်းကတ်ရောင်းချနိုင်ဖို့လည်းမျှော်မှန်းထားပါသေးတယ်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ပူးပေါင်းဖို့ စင်ကာပူအခြေစိုက် Singtel ပြင်သစ်ကုမ္ပဏီ Orange နဲ့ ဂျပန် KDDI တို့က ကမ်းလှမ်းခဲ့ပြီး KDDI ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေးနဲ့ KDDI ပူးပေါင်းအဖွဲ့ဟာ တယ်လီနော အူရီဒူး နဲ့ ရတနာပုံတယ်လီပို့ စတဲ့အော်ပရေတာသုံးခုနဲ့ဈေးကွက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်

Kumudra , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment