Pages

Tuesday, July 15, 2014

ဝန်ကြီးချုပ်အသစ်လက်ထက်စစ်တွေ၌ ညမထွက်ရအမိန့်နှစ်လသက်တမ်းထပ်တိုး


RangonNewsDaily:: July . 15 .2014
ရခိုင်ပြည်နယ်စစ်တွေမြို့တွင် ညမထွက်ရအမိန့်ပုဒ်မ (၁၄၄) ကို နှစ်လထပ်တိုးထုတ်ပြန်ရခြင်းမှာ ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေမှုများဖြစ်ပေါ်လာနိုင် သည်ဟု ယူဆသဖြင့် တိုးမြှင့်လိုက် ရခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရ အဖွဲ့ကပြောသည်။
စစ်တွေမြို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည်မှာ (၂) နှစ်ကျော်ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

“လက်ရှိအနေအထားအရလို အပ်လို့ထုတ်ပြန်တာဖြစ်တယ်။ အားလုံးတည်ငြိမ်သွားရင်တော့ ပြန်လည်ရုတ်သိမ်းမှာပေါ့။ ညမ ထွက်ရအမိန့်ကိုနှစ်လတစ်ကြိမ်ပြန် ပြီးသုံးသပ်တယ်။ လိုအပ်ရင် ထပ်ထုတ်မယ်ပေါ့”ဟု ပြည်နယ် အစိုးရအဖွဲ့ဝင်အရာရှိတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ စတင်ခဲ့သည့်လွန်ခဲ့သော နှစ်နှစ် ကျော်ကတည်းက စတင်ထုတ်ပြန် လိုက်သော ညမထွက်ရအမိန့်ထုတ် ပြန်မှုကို နှစ်လတစ်ကြိမ်သက်တမ်း တိုးမြှင့်လာခြင်းဖြစ်ပြီး ဇူလိုင်လ ၁၁ ရက်နေ့က နောက်ထပ်သက် တမ်းနှစ်လထပ်မံကြေညာလိုက်ခြင်း ဖြစ်သည်။

“လူတွေကတော့ ပုံမှန်သွား လာနေကြတာပဲ။ တည်ငြိမ်နေ တယ်။ မြို့ပေါ်တွေမှာတော့ ဘာမှမဖြစ်ဘူး။ ကျေးလက်တွေမှာ အထူးသဖြင့် လုံခြုံရေးအားနည်း တဲ့ဒေသတွေမှာဆိုရင်စိုးရိမ်နေကြ ဆဲ”ဟု စစ်တွေမြို့ခံတစ်ဦးကပြော သည်။

လက်ရှိတွင် ရခိုင်ပြည်နယ် အတွင်း စစ်တွေ၊ ကျောက်တော်၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တောနှင့် ရမ်းဗြဲမြို့နယ်တို့ တွင်လည်း ညမထွက်ရအမိန့်ထုတ် ပြန်ထားခြင်းဖြစ်ပြီး စစ်တွေမြို့ တွင် ၀န်ကြီးချုပ်သစ်လက်ထက် လုံခြုံရေးကင်းလှည့်ရာတွင် စစ်တပ်မှပါဝင်လာကြောင်း သိရ သည်။

“ဦးလှမောင်တင်ဝန်ကြီးချုပ် လက်ထက်မှာ ရဲတွေလောက်ပဲ လုံခြုံရေးကင်းလှည့်တာ။ အခု စစ်တပ်လည်း ပါဝင်လာတယ်။ ပြီးတော့ စစ်တပ်အရာရှိတွေ ၀တ်စုံတွေနဲ့ မြို့ထဲမှာသွားလာနေ တာတွေ့ရတယ်။ ဦးလှမောင်တင် လက်ထက်သိပ်မတွေ့ရဘူး”ဟု စစ်တွေဒေသခံတစ်ဦးကပြောသည်။

ဇွန်လကုန်တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ရာထူးကို လက်ခံရယူ ထားသည့်ဦးမောင်မောင်အုန်းက လုံခြုံရေးနှင့် ပတ်သက်၍စိုးရိမ် စရာမလိုကြောင်း ရပ်မိရပ်ဖများ နှင့် တွေ့ဆုံစဉ်ပြောကြားထား သည်။ 

hotnewsweekly , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment