Pages

Tuesday, July 15, 2014

ခရိုနီ၊ နိုင်ငံရေးသမားမခွဲခြားဘဲ ဖောင်ဒေးရှင်း အလှူငွေလက်ခံမည်ဟု ဦးခင်ညွန့်ဆို

RangonNewsDaily:: July . 15 .2014
ရွှေမှော်ဝန်းဖောင်ဒေးရှင်း အတွက် လှူဒါန်းထောက်ပံ့မည့် အလှူရှင်ဖြစ်လျှင် နိုင်ငံတော် သူ ဌေးကြီးများ၊ ခရိုနီများ၊ နိုင်ငံရေး သမားများဆိုသည့် လူခွဲခြားမှု မရှိဘဲ အလှူလက်ခံရန်အသင့်ရှိ ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဟောင်း ဦးခင်ညွန့်က နဝဒေး အနု ပညာပြခန်း၌ပြုလုပ်သည့် ရွှေမှော် ဝန်းဖောင်ဒေးရှင်းအတွက် လှူဒါန်း ငွေပေးအပ်ပွဲတွင် ပြည်ထောင်စုနေ့ စဉ်သို့ ပြောသည်။
ဦးခင်ညွန့်က ရွှေမှော်ဝန်းဖောင် ဒေးရှင်းအနေဖြင့် ကျောက်တန်းမြို့ နယ်အတွင်း ကျေးရွာဒေသများအ တွက် လူမှုရေး၊ ယဉ်ကျေးမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအ တွက် အကူအညီပေးနိုင်ရန် ၂ဝ၁၁ ခုနှစ်တွင် ရွှေမှော်ဝန်းဖောင်ဒေးရှင်း ကိုတည်ထောင်ကာ ရာသက်ပန် နာယကအဖြစ် လူမှုယဉ်ကျေးကူညီ ရေးအဖွဲ့ဝင်များနှင့်အတူ ဆောင် ရွက်နေပြီး ဖောင်ဒေးရှင်းအလှူရှင် များကိုကြိုဆိုလက်ခံကြောင်း ပြော ကြားသည်။

ဦးခင်ညွန့်ကပြောကြားရာတွင် ''လာပြီးတော့ ဘယ်သူလှူလှူ လက်ခံမှာပဲ။ အလှူခံတယ်ဆိုတဲ့ အလုပ်မျိုးမလုပ်ဘူး။ ဘယ်သူလာ လာလှူတာပဲ။ လှူတာမွန်မြတ်တာ ပေါ့။ လူမခွဲခြားဘူး။ နိုင်ငံရေး သမားလာလှူလဲလက်ခံမှာပဲ။စီးပွား ရေးသမား၊ စာရေးဆရာ၊ ခရိုနီလာ လှူရင် လူမှုရေးလုပ်တာလက်ခံမှာ ပဲ။ သတင်းထောက်တွေတတ်နိုင် လို့လာလှူမယ်ဆိုလဲလက်ခံမှာပါ'' ဟု ပြောကြားသည်။

ရွှေမှော်ဝန်းဖောင်ဒေးရှင်းတွင် သက်ကြီးရွယ်အိုများအတွက် ဘိုး ဘွားရိပ်သာတွင်လှူဒါန်းမှု၊ ဆေး ဝါး၊ ငွေကြေးထောက်ပံ့လှူဒါန်းမှု၊ ကလေးငယ်များအတွက် ကျောင်း သုံးပစ္စည်းကိရိယာနှင့် ငွေကြေးစ ရိတ်ထောက်ပံ့မှု၊ ငွေကြေးမတတ် နိုင်သည့် နာမကျန်းလူနာများအ တွက် ဆေးဝါး၊ ဆေးကုသခွင့်အခ မဲ့ လှူဒါန်းခြင်းများကို ဘဏ်အပ် ငွေအတိုးနှုန်းမှ ပြန်လည်ခံစားခွင့်ရ သည့်ငွေကြေးဖြင့်လှူဒါန်းထောက် ပံ့ပေးနေခြင်းဖြစ်ပြီး တတိယနှစ် ရွှေမှော်ဝန်းဖောင်ဒေးရှင်း၏ လူမှု ယဉ်ကျေးကူညီထောက်ပံ့ပေးအပ် ပွဲကို မကြာမီပြုလုပ်ရန် စီစဉ် ဆောင်ရွက်နေကြောင်း ¤င်းက ဆက်လက်ပြောကြားသည်။


''ကျောင်းမနေနိုင်တဲ့ကျောင်း သားတွေကိုဆက်ပြီးထောက်ပံ့မယ်။ အခုတော့ သူတို့ကျောင်းတက်နေ ကြပြီ။ နောက် သက်ကြီးရွယ်အို တွေ ၁၃ဝ လောက်ရှိတယ်။ ကန် တော့ပြီးငွေလှူမယ်။ မျက်စိဝေ ဒနာရှင်တွေကိုဆက်ပြီးကုပေးမယ်။ ဘုန်းကြီးကျောင်းတွေကို စာအုပ် စာတမ်းတွေလှူမယ်။ ငွေကြေး လှူပါမယ်။


ဒီနှစ်မှာ ကျောက်တန်း နယ်က ရွာပေါင်း ၁ဝ ရွာလောက် အခွန်ကျတဲ့ရွာတွေ ချို့တဲ့နေတာရှိ ပါတယ်။ အသွားအလာလဲခက် တယ်။ မိုးကုန်တာနဲ့သွားလှူမယ်။ အဲဒီအတွက်ကို သိန်း ၄ဝ လောက် အခုအလှူပွဲကရရှိတယ်။ ကျန်တာ ဘဏ်အပ်ငွေ အတိုးနဲ့လှူဒါန်းမှာ ဖြစ်ပါတယ်''ဟု ရွှေမှော်ဝန်းဖောင် ဒေးရှင်း၏ ရာသက်ပန်နာယက ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့်က ပြောကြားသည်။

The Union Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment