Pages

Tuesday, July 8, 2014

မန္တလေးမြို့ ရွှေဖြူဟိုတယ်တွင် သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး သူ နာရီပိုင်း အတွင်း ဖမ်းမိ

RangonNewsDaily:: July . 8 .2014
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၆၄လမ်းရှိ ရွှေဖြူဟို တယ်တွင် ဇွန် ၄ ရက် နံနက် ၁ နာရီခန့်က သေနတ်ဟုယူဆရသောအရာဖြင့် ပစ် ခတ်မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်သူအား နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်ရှိ ရွှေဖြူဟိုတယ် တွင် တည်းခိုရန်လာရောက်သော လားရှိုးမြို့နေ ရဲကိုကိုက ယင်းဟိုတယ်၏ ကိုးထပ် မြောက် အခန်းနံပါတ် ၉ဝ၁ တွင် တည်းခိုနေထိုင်သော တင်ထွန်း၏အခန်းကို မှား ၍ တံခါးခေါက်မိရာမှ စကားများရန်ဖြစ်ပြီးနောက် တင်ထွန်းက အသင့်ပါလာသည့် သေနတ်ဟု ယူဆရသောအရာဖြင့် ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် ရဲကိုကို၏ ဝဲဘက် နားထင် ရှပ်ထိဒဏ်ရာရရှိခဲ့ပြီး တင်ထွန်းမှာ အခင်းဖြစ်နေရာမှ ထွက်ပြေးတိမ်းရှောင် သွားခဲ့သည်။

ယင်းသို့ ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီးနောက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး ပစ်ခတ်ခဲ့သူအား ဖမ်းဆီးရမိရေး လိုက်လံရှာဖွေခဲ့ပြီး လူသွားလမ်းပေါ်မှ ပွိုင့်၂၂ ကျည်အမျိုးအစားဟု ထင်ရသော ကျည်ခွံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။


ထို့နောက် တင်ထွန်းအား ဖမ်းဆီးရမိနိုင်ရန် တိုင်းရဲတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး မြင့်ဦး၊ ခရရမှူး(မန္တလေး)ဒုရဲမှူးကြီးစိန်ထွန်းတို့က အနီးကပ်ကြီးကြပ်၍ တိုင်းရဲအကူ တပ်ဖွဲ့ခွဲ(မှု/ကူ)မှ ရဲအုပ်ရဲမြင့်တို့အဖွဲ့နှင့်ပူးပေါင်း၍ တင်ထွန်း သွားရောက်တည်းခို နိုင်သည့် ဟိုတယ်များ၊ တည်းခိုခန်းများနှင့် ကျွဲဆည်ကန်ကားကြီးကွင်း၊ သီရိမန္တလာ ကားကြီးကွင်း၊ ပြည်ကြီးမျက်ရှင်ကားကြီးကွင်းတို့အား ပိတ်ဆို့ရှာဖွေခဲ့ပြီး နံနက် ၅ နာရီခန့်တွင် တင်ထွန်းအား ရွှေဖြူဟိုတယ်၏အနောက်ဘက် ၆၄လမ်း နှင့် ၆၅လမ်း ကြား၊ ဒူးကြားလမ်းတွင် ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။


ယင်းကဲ့သို့ သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးခဲ့သည့် တင်ထွန်းကို လူအား သေစေရန်ကြံစည်မှုဖြင့် မဟာအောင်မြေမြို့နယ် မြို့မရဲစခန်းတွင် (ပ)၃၉ဝ/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၇/၃၂၆ အရ အမှုဖွင့်ထားကြောင်း သိရသည်။


Yangon Media , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment