Pages

Tuesday, July 8, 2014

ဦးထုပ်ကျ၍ ပြန်ကောက်ရန် ကားပေါ်မှ ခုန်ချသူ သေဆုံး

RangonNewsDaily:: July . 8 .2014
နေပြည်တော်ကောင်စီနယ်မြေဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာ အရှေ့ကွန်ကရစ်လမ်းတွင် ဇူလိုင်၆ ရက် မွန်းလွဲ ၁ နာရီခန့်က ကျောက်ကား တစ်စီးပေါ်မှ လူတစ်ဦး ပြုတ်ကျသေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ခေတ်အေးကျေးရွာနေသူ ယာဉ်မောင်း မင်းအောင်မောင်းနှင် လာသော ကျောက်တင်ယာဉ် ၂ဂ/...သည် ကျောက်များနှင့် အလုပ်သမားခြောက်ဦး ကိုတင်ဆောင် မောင်းနှင်လာစဉ်ယာဉ်ပေါ်ပါ အလုပ်သမား တစ်ဦးဖြစ်သော စိုးအောင် (၁၇နှစ်) ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာနေ သူသည် ဦးထုပ်ကျသွား၍ ခုန်ချပြီး ဆင်းကောက်ရာ ဦးခေါင်းနှင့် ကွန်ကရစ်လမ်းထိခိုက်၍ ကွဲအက်ဒဏ်ရာဖြင့် နေရာ၌ပင် သေဆုံးခဲ့သည်။
ကားပေါ်ပါ အခြားသူများမှာအိပ်ပျော်၍လိုက်ပါလာသူနှင့် အရှေ့သို့ငေးမောကာ လိုက်ပါလာကြရာ စိုးအောင် ခုန်ချ၍ သေဆုံးသွားသည်ကို မသိရှိကြဘဲ ကားမှာ ဆက်လက် မောင်းနှင်သွားခဲ့သည်ကို အနားရှိ လူများက သိရှိကာ ဖုန်းဆက် အကြောင်းကြားခဲ့ရကြောင်း၊ သို့မှ သာ ကားပေါ်ပါ လူများ ပြန်လည် ရောက်ရှိ လာကြောင်း သိရသည်။

ကျောက်တင်ယာဉ်များသည် ကျောက်များအပြည့် တင်ဆောင်လာ သော်လည်း အကာအရံများမလုံခြုံ မှုကြောင့် လမ်းပေါ်သို့ ကျောက်တုံး၊ ကျောက်များ ကျရောက်လွင့်စဉ်ခြင်း၊ အလုပ်သမားများ ကားပေါ်တွင် အိပ်ငိုက်၍ လိုက်ပါလာခြင်းများ နေ့စဉ်လိုလို မြင်တွေ့နေရသည်။

ယခုဖြစ်စဉ်တွင် ကားမောင်းနေစဉ် မဆင်မခြင်ခုန်ချခဲ့သည်ကိုပင် အနီးရှိ လူများမသိရှိဘဲ အိပ်ပျော်နေကြ ခြင်းသည် အလွန်ပင် သံဝေဂရစရာ ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောက်တင် ယာဉ်ဖြစ်စေ၊ ကုန်တင်ယာဉ်ဖြစ်စေ၊ ကျောက်များ၊ ကုန်များကို သေချာစွာ ကာရံထားရှိရန် လိုအပ်ပြီး လူများ တင်ဆောင်မောင်းနှင်ခြင်း ကို သတိပြု ဆင်ခြင်သင့်ကြောင်း အနီးရှိ မျက်မြင်တွေ့ရှိသူတစ်ဦးက သုံးသပ်ပြောကြား သည်။

MOI , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment