Pages

Wednesday, July 2, 2014

အာဂျင်တီးနားနဲ့ ဘယ်ဂျီယမ် တို့ ကွာတားဖိုင်နယ်မှာ တွေ့ကြပြီ


RangonNewsDaily:: July . 2 .2014
ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် နောက်ဆုံးပွဲစဉ် နှစ်ပွဲ ကစားအပြီးမှာတော့ အာဂျင်တီးနား အသင်းနဲ့ ဘယ်ဂျီယမ်အသင်း
တို့ဟာ ပြိုင်ဘက်တွေကို မိနစ် ၁၂၀ ကျော် ခက်ခက်ခဲခဲ အကြိတ်အနယ် ယှဉ်ပြိုင်ပြီးအနိုင်ရခဲ့ကြလို့ ကွာတားဖိုင်နယ်
အဆင့်ကို တက်ရောက်သွားကြပြီဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းကတော့ ဆွစ်ဇာလန် အသင်းကို ၁၁၈ မိနစ်မှာ ကွင်းလယ်ကစားသမား ဒီမာရီယာရဲ့ တလုံး
တည်းသော အနိုင်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ 

ဘယ်ဂျီယမ်အသင်း အတွက် ဂိုးတွေကိုတော့ ၉၃ မိနစ်မှာ ကီဗင် ဒီဘရုန်း၊ ၁၀၅ မိနစ်မှာ လူကာကူ တို့က သွင်းယူပေး
ခဲ့တာဖြစ်ပြီး ၁၀၇ မိနစ်မှာ ဆွစ်ဇာလန် ကစားသမား ဂရင်းက ချေပဂိုးတဂိုးသွင်းလိုက်လို့ ပွဲအပြီးမှာ ၂-၁ ဂိုးနဲ့ ဘယ်
ဂျီယမ်က အနိုင်ရှိခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားနဲ့ ဘယ်ဂျီယမ်တို့ နှစ်သင်းဟာ ဇူလိုင် ၅ ရက်နေ့ မြန်မာစံတော်ချိန် ၁၀ နာရီခွဲမှာ ယှဉ်ပြိုင်ကစားကြ

မှာဖြစ်ပြီး ဘယ်အသင်းက ဆီမီးဖိုင်နယ်ကို တက်သွားမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

ဧရာဝတီ , 
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment