Pages

Wednesday, July 2, 2014

လှည်းတန်းခုံတံတားအတက် လမ်းလယ်တုံးများလွင့်စဉ်သည်အထိ ကားတစ်စီး ၀င်တိုက်


RangonNewsDaily:: July . 2 .2014
ဇွန်လ ၃၀ ရက် ည ၁၁ နာရီခွဲခန့်က လှည်းတန်း ခုံးကျော်တံတားအနီး ပြည်လမ်းမပေါ်တွင် ကားတစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး
ယာဉ်မောင်းအပါအ၀င် ကားပေါ်ပါလာသူ လေးဦး ဒဏ်ရာရခဲ့သည်။

ပြည်လမ်းအတိုင်းမောင်းလာပြီး လှည်းတန်းတံတားပေါ်သို့ တက်ချိန်တွင် လမ်းလယ်ကျောက်တုံးကိုတိုက်ကာ တစ်ပတ်လည်သွားခဲ့ကြောင်း မျက်မြင်တွေ့သူများကပြောသည်။ 

ကုမ္ပဏီသုံးကားဖြစ်ပြီး ယင်းကား၏နောက်မှ အသိအကျွမ်းဖြစ်ဟန်တူသည့် ကားတစ်စီးပါလာကာ ဒဏ်ရာရသူများအား ဆွဲထုတ်၍ ဆေးရုံသို့ ခေါ်ဆောင်
သွားကြောင်းသိရသည်။
::
‘‘အမျိုးသမီးတစ်ယောက်ကိုတော့ ကားထဲက ဆွဲထုတ်သွားရတယ်။ သူတို့မှောက်ပြီး ၅ မိနစ်လောက်အကြာမှာ နောက်ကားတစ်စီးရောက်လာပြီး
အကုန်လုံးကို တင်သွားတာ။ ကားကိုတော့ ဒီအတိုင်း ထားခဲ့တာပဲ’’ ဟု ယာဉ်တိမ်းမှောက်မှုကို လာကြည့်သည့် အမျိုးသားတစ်ဦးက ပြောသည်။

ကားတိုက်မှုကြောင့် လမ်းလယ်ကျောက်တုံးအချို့ ၁၅ ပေခန့်အထိ လွင့်စဉ်သွားခဲ့ပြီး ကားမှာလည်း တံတားအဆင်းတွင် ပိတ်ရပ်ထားသကဲ့သို့
ုဖြစ်နေသောကြောင့် ရောက်လာသည့် ရဲအချို့က လမ်းရှင်းလင်းမှုများ ပြုလုပ်ပေးခဲ့ရသည်။
::
ကားမှာ ထရပ်ကား အမျိုးအစားဖြစ်ပြီး ကားဘော်ဒီတွင် Taw Win Family ကုမ္ပဏီဟု ရေးထားသည်။ အဆိုပါနေရာသို့ ရောက်လာသည့် ရဲက
ယာဉ်တိုက်မှုသတင်းကြောင့်သာ ရောက်လာခြင်းဖြစ်ပြီး အသေးစိတ်မသိရသေးကြောင်း ပြောသည်။

7daydaily ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment