Pages

Wednesday, July 2, 2014

တောင်သမန်တံတား (ဦးပိန်တံတား) တိုင်အမှတ် ၂၅ နှင့် ၄၇ တို့တွင် မီးလောင်မှုဖြစ် ပွား


RangonNewsDaily:: July . 2 .2014
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန်တံတား (ဦးပိန်တံတား)ကြီးရှိ တိုင်အမှတ် (၂၅ နှင့် ၄၇) တို့၏ ခေါင်းပေါက်ထဲသို့ ဆေးလိပ်မီးထည့်သွားရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။ 
ဇွန် ၂၄ ရက် နံနက် ၇ နာရီခွဲက တံတားလုံခြုံရေးမှ သစ်သားတိုင် အခေါင်းပေါက်ထဲရှိ အမှိုက်များအား ရှင်းလင်းရန်လာစဉ် တိုင်အမှတ် (၄၇) အခေါင်း ပေါက် အတွင်းမှ မီးခိုးများထွက်လာသည်ကို တွေ့မြင်သဖြင့် တောင်မင်းကြီး ကျောင်းတိုက်ရှိ တံတားထိန်းသိမ်း ရေးအဖွဲ့အား သွားရောက်အကြောင်းကြား၍ ငြှိမ်းသတ်ခဲ့ရကြောင်း၊

ထို့အတူ ဇွန် ၂၅ ရက် ညနေ ၄ နာရီခွဲတွင် တိုင်အမှတ် (၂၅) အခေါင်းပေါက်အတွင်းမှ မီးခိုးများ ထွက်လာသဖြင့် တံတားပေါ်ရှိ ဓာတ်ပုံဆရာ တစ်ဦးက မြင်တွေ့သဖြင့် ရေလောင်း၍ငြှိမ်းသတ်ခဲ့ရသော်လည်း တိုင်လုံးအတွင်းပိုင်းများမှာ မီးကျွမ်းသွားခဲ့ကြောင်း ရှေးဟောင်းသုတေသနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
::
''ဒီလိုတွေဆက်ဖြစ်ရင် ရှေးလက်ရာတွေ ပျက်စီး ကုန်တော့မှာပဲ။ တံတားကြီး ရဲ့လုံခြုံရေးအတွက် ဝန်ထမ်းတစ်ဦးကို တာဝန်ချထားပေးတဲ့အပြင် တံတားပေါ်မှာ ဆေးလိပ်မသောက်ဖို့၊ စက်ဘီး၊ ဆိုင်ကယ်မစီးဖို့ စာတန်း တွေချိတ်ထားပေမယ့် လိုက်နာမှု အားနည်းတဲ့အပြင် သတိပေးစာတန်းတွေကိုတောင်ဆုတ်ဖြဲထားလို့ အသစ် ပြန်ချိတ်ပေးထားရတယ်။ 

ပထမတစ်ကြိမ်က မတော်တဆဖြစ်တာလို့ယူဆရပေမယ့် အခုလိုသုံးကြိမ်ဆက်တိုက် ဖြစ်လာတော့ စဉ်းစားစရာဖြစ်လာပြီ။ ရှေးဟောင်းသမိုင်း အမွေအနှစ်တွေ ထိန်းသိမ်းဖို့ ရေရှည်တည်တံ့ခိုင်မြဲဖို့ အတွက်ဆိုရင် ကျွန်တော်တို့ ရှေးဟောင်းသုတေသန တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ယဉ်ကျေးမှုအမွေအနှစ် တွေကို တန်ဖိုးထားသူတိုင်း ထိန်းသိမ်းရမှာပါ။
::
တံတားကြီးကိုလာရောက်လေ့လာသူဧည့်သည်များကလည်း တံတားကြီးနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်များကို လိုက်နာ ဖို့လိုအပ်ပါတယ်။အထူးသဖြင့် ဒီတံတားပေါ်မှာ ဖြတ်သန်း သွားလာကြတဲ့ ဒေသခံတွေနဲ့ တံတာကြီးကိုမှီခိုပြီးစီးပွားရှာနေကြတဲ့ ဈေးသည်တွေ အပါအဝင် တံတားကြီး ရေရှည်တည်တံ့စေဖို့ ပူးပေါင်းထိန်းသိမ်းစေချင်ပါတယ်'' ဟု ၄င်းကပြောသည်။ 

ထွန်းဦးစာပေ ဖြန့်ချိရေးမှ ဦးထွန်း ဦးကလည်း ''တံတားတိုင်တွေမှာ ရှိတဲ့ အခေါင်းပေါက် တွေကို တိုင်အပေါ်ကနေ ဖုံးအုပ်ကာကွယ်ထားခြင်းအား ဖြင့် အမှိုက်သရိုက်တွေ မဝင်တဲ့အပြင် အခုလို ဆေးလိပ် မီးပစ်ထည့်ခြင်းတွေလည်း လုပ်လို့ရတော့မှာ မဟုတ် တော့ဘူး'' ဟု ပြောသည်။ 
::
ဆရာကြီး နတ်မောက် ဦးထွန်း ရှိန်ကလည်း ''ရှေးကကျွန်းတိုင်တွေမှာ ရေစားမှုမဖြစ် အောင် ကာကွယ်တဲ့အနေနဲ့ စကျင်ကျောက်နဲ့လုပ်ထားတဲ့ အဖုံးတွေကို အသုံးပြုကြတယ်။ အခုက တိုင်တွေများလို့ စကျင်ကျောက်နဲ့ မလုပ်နိုင်ရင်တောင်မှ သွပ်ပြားနဲ့လုပ်တဲ့ အဖုံးတွေအသုံးပြုသင့်တယ်။ ယဉ်ကျေးမှုအမွေ အနှစ်ကို တန်ဖိုးထားတတ်အောင်လို့ ပညာပေးမှုတွေပြု လုပ်သင့် တယ်''ဟု အကြံပြုပြောကြားသည်။ 

ထိုကဲ့သို့ မီးလောင်ကျွမ်းမှုပထမဆုံးအကြိမ်အနေဖြင့် ဇွန် ၄ရက် ညနေ ၃ နာရီ ကလည်း တံတားကြီး၏ တိုင်အမှတ် (၄၈)အခေါင်း ပေါက်ထဲသို့ ဆေးလိပ်တိုမှ တစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြည်မြန်မာ ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment