Pages

Monday, July 14, 2014

မိုးရွာ၍ မြေကာနံရံပြိုကျရာမှ လူ(၇)ဦး ပွဲခြင်းပြီး သေဆုံး

RangonNewsDaily:: July . 14 .2014
ယနေ့ ၂၀၁၄ခုနှစ် ဇူလိုင်လ(၁၂)ရက် ညသန်းခေါင်ကျော်အချိန်ခန့်မှစတငကာ သည်းထန်စွာ မိုးရွာသွန်းမှုကြောင့်
မြေထိန်းနံရံပြိုကျကာ နေအိမ် (၂)လုံးပျက်စီးပြီး လူ(၇)ဦးသေပွဲခြင်းပြီးသေဆုံးသည့် ဖြစ်စဉ်တစ်ခု တာချီလိတ်မြို့နယ် ၀မ်ကောင်းရပ်ကွက်မြန်မာရွာတွင် ဖြစ်ပွားခဲ့သည်။
ဖြစ်ပွားပုံမှာ ဇူလိုင်လ(၁၂)ရက် ညသန်းခေါင်ကျော် အချိန်မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တာချီလိတ်မြို့နယ် ၀မ်ကောင်းရပ်ကွက်အပိုင် မြန်မာရွာရှိ အိမ်အမှတ် (၆/၄၃၃)နေ ဦးကျော်ထွေးလင်း ပိုင်သော နေအိမ် နှင့် (၃)ခန်းတွဲ အိမ်တန်းလျားတစ်ခုတို့ ဘေးနံရံရှိ အမြင့်ပေ (၂၀)ခန့်ရှိသော ကျောက်ရိုးစီဖို့မြေများသည် မိုးရွာသွန်းမှုအရှိန်ကြောင့် ယနေ့ ဇူလိုင်လ(၁၃)ရက် နံနက်(၂)နာင်္ရီခန့်တွင် ပြိုကျခဲ့ရာ နေအိမ်(၂)ခုလုံး ပြိုကျပျက်စီးသွားခဲ့သည်။

ထိုသို့ ပြိုကျပျက်စီးမှုကြောင့် နေအိမ်အတွင်း အိပ်ပျော်နေသည့် အိမ်ရှင် ဦးကျော်ထွေးလင်း(၃၈)နှစ်၊ ဇနီးဖြစ်သူ ဒေါ်ယဉ်နု(၃၇)နှစ် နှင့် ၄င်းတို့၏ လသားအရွယ်ရှိ ရင်သွေးငယ် သားတစ်ဦးတို့ တစ်ပြိုင်နက်တည်း သေဆုံးသွားခဲ့သည်။


အလားတူ ၄င်းနေအိမ်တွင် အိမ်ခန်းငှားနေထိုင်သူ ဦးခင်မောင်သောင်း(၄၅)နှစ်၊ ဇနီးဖြစ်သူ ဒေါ်ဝင်းဆန်း(၂၅)နှစ်၊ သား မှုံကြီး (၈)နှစ်၊ သမီးမပေါက်တူး (၅)နှစ် တို့မှာ အဆိုပါနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြသည်။


အိမ်ခန်းငှားများဖြစ်ကြသည့် ဦးအောင်ကျော်လွင် နှင့်ဇနီး မလဲ့လဲ့မြင့်၊ ကိုကြည်မြင့် နှင့် ဇနီး မစန်းစန်းမြင့် တို့မှာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်သွားခဲ့သည်။


ထိုသို့ ဖြစ်ပွားရာသို့ စစ်ဗျုဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး ဦးဆောင်သည့် တာချီလိတ်တပ်နယ်မှ တပ်မတော်သားများ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းဝင်း၊ ပြည်

နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် ပြည်ခိုင်ဖြိုးပါတီဝင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးမှ
 အဖွဲ့ဝင် (၃၀)ခန့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်နိုင် ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်(၁၅)ဦး နှင့် အရန် မီးသတ်တပ်
ဖွဲ့ဝင်(၂၀)ဦး၊ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီ ဥက္ကဌ ဦးကြည်မြင့်နှင့် ကော်မတီဝင်များ၊ သတ္ထုလုပ်ငန်းရှင်များ
အသင်း ဥက္ကဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊တာချီလိတ်နာရေးကူညီမှုအသင်း နှင့် လူမှုကူညီရေးအဖွဲ့အစည်းများ စသည့် ပူးပေါင်း
အဖွဲ့မှ ကယ်ဆယ်ရေးများကို ဆောင်ရွက်ကြရာ မင်းခေတ်သစ်ဆောက်လုပ်ရေး ကုမ္ပဏီင်္မှ ဈေးဆောက်လုပ်ရေးမှ လုပ်သား (၅၀)ခန့် တို့အပြင် မင်းခေတ်သစ်ဆောက်လုပ်ရေး ကုမ္ပဏီင်္၏ မြေကော်စက်ဖြစ်သည့် ဘက်ဟိုး(Backhoe)စက်ဖြစ် ဖော်ယူခဲ့
ကြကြောင်း သိရသည်။

အခုလို ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ "အခုလို ဖြစ်ပွားရတာဟာ မြေကာနံရံတွေကို အင်ဂျင်နီယာတွေနဲ့ စနစ်တကျ တွက်ချက်ပြီး တည်ဆောက်ထားတာ မဟုတ်ပဲနဲ့ ငွေကြေး အပြည့်အ၀မသုံးတဲ့အတွက် နီးစပ်ရာ ပန်းရံသမားများနဲ့ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက်ကြောင့် မြေကာနံရံတွေကာရေကာတာသဖွယ် ဖြစ်နေတဲ့အပြင် ရေပေါက်များ သေးငယ်နေခြင်းတို့ဟာ မိုးရွာ

လာတိုင်း ရေနဲ့မြေတို့ရဲ့ ဖိအားကို မခံနိုင်အခါ အားနည်းရာနေရာကနေပြီး ပွင့်ထွက်လာတဲ့ သဘောပေါ့၊

အဲ့လို ဖြစ်လာတဲ့အခါမှာ အသက်ဆုံးရှုံးရတဲ့အတွက် နောက်ဆိုရင် ပတ်ဝန်းကျင် မြေကာနံရံအနီးမှာ ကပ်ပြီး မဆောက်ကြစေ

လိုပဲ သတ်မှတ်ထားတဲ့ အကွာအဝေးကနေ တည်ဆောက်ဖို့လိုပါတယ်၊ မြေကာနံရံ တည်ဆောက်တဲ့အခါမှာလည်း စနစ်တကျြ
ဖစ်အောင်လို့ အင်ဂျင်နီရာနဲ့ တွက်ချက်ပြီးမှ တည်ဆောက်စေချင်ပါတယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေမှ တာချီလိတ်အွန်လိုင်းသို့ အသိပေး ရှင်းပြလာသည်။

တာချီလိတ်သတင်းဌာန , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment