Pages

Monday, July 14, 2014

ခိုလှုံခွင့် တောင်းခံသူ ကိစ္စနဲ့ သြစီအစိုးရ ပြင်းထန်စွာ ဝေဖန်ခံရ


RangonNewsDaily:: July . 14 .2014
ခိုလှုံခွင့်တောင်းခံသူ အယောက် ၁၅၃ ယောက်ကို သြစတြေးလျ နိုင်ငံ အကောက်အခွန်ဌာနရဲ့ လှေပေါ်မှာ ထိန်းသိမ်းထားရှိတဲ့ သြစတြေးလျ အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ပင်လယ်ဓားမြမှု ကျူးလွန်သလို ဖြစ်သွားနိုင်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေ Julian Burnside QC က ဝေဖန်ပြောဆို လိုက်ပါတယ်။
ပင်လယ်ထဲမှာ တပတ်လောက်ကြာတဲ့အထိ ထိန်းသိမ်းခံထားရတဲ့ ခိုလှုံခွင့်တောင်းခံသူတွေထဲမှာ အသက် ၂နှစ် အရွယ် ကလေးငယ်လည်း ပါဝင်တယ်ဆိုတာ သြစတြေးလျ အစိုးရက အင်္ဂါနေ့ကမှ တရားရုံးချုပ်ကို ထုတ်ဖော် ပြောပြခဲ့တာဖြစ်ပါတယ်။
ခိုလှုံခွင့် တောင်းခံသူတွေရဲ့ အဆိုအရ သူတို့တွေဟာ သီရိလင်္ကာ နိုင်ငံသားတွေ ဖြစ်ကြပြီးတော့ လွန်ခဲ့တဲ့ တစ်လကတည်းက အိန္ဒိယ ဘက်ကနေ သြစတြေးလျကို လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သြစတြေးလျအစိုးရအနေနဲ့ ပင်လယ်ထဲမှာ ထိန်းသိမ်းထားတဲ့ ခိုလှုံခွင့်တောင်းခံသူတွေကို သီရိလင်္ကာ အာဏာပိုင်တွေရဲ့ လက်ထဲ ပြန်လွှဲပေးမယ် မလွှဲပေးဘူးဆိုတာ တရားရုံးချုပ်ရဲ့ အဆုံးအဖြတ်ကို စောင့်နေတာဖြစ်ပါတယ်။


တဆက်တည်းမှာပဲ သြစတြေးလျ နိုင်ငံပိုင် ခရစ္စမတ်ကျွန်း ထိန်းသိမ်းရေး စခန်းမှာ ရှိတဲ့ ခိုလှုံခွင့် တောင်းခံသူ အမျိုးသမီးတချို့ဟာ နောင်ရူးကျွန်းကို ပို့ဆောင်ခံရမှာကို စိုးရိမ်တဲ့အတွက် မိမိကိုယ်ကို သေကြောင်းကြံစီမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။


သြစတြေးလျ အစိုးရအနေနဲ့ ခိုလှုံခွင့်တောင်းခံသူတွေအပေါ် ကိုင်တွယ်နေ တဲ့ပုံကို လူ့အခွင့်အရေး အဖွဲ့နဲ့ ကုလသမဂ္ဂက ဝေဖန် နေချိန်မှာပဲ သြစတြေးလျ နိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီး Scott Morrison က အသိပေးကြေညာ ချင်းမရှိပဲနဲ့ သီရိလင်္ကာနိုင်ငံရဲ့ စစ်ဒဏ်သင့်ခဲ့တဲ့ နေရာကို သွားရောက်လည် ပတ်ခဲ့တယ်လို့ သိရပါတယ်။


ABC , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment