Pages

Monday, July 14, 2014

စည်ပင်က ခွင့်ပြုချက်မဲ့ကန်ထရိုက်များကို ဆောက်လုပ်ခွင့်ရပ်လိုက်သဖြင့် ကြိုပွိုင့်သမားများ အခက်ကြုံ

RangonNewsDaily:: July . 14 .2014
သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှ ကန်ထရိုက်တိုက်တစ်လုံး(ဓာတ်ပုံ−ဇေနွေထွန်း)
ရန်ကုန်မြို့၊ သင်္ဃန်း ကျွန်းမြို့နယ်တွင် စည်ပင်ခွင့်ပြု ချက်မရှိဘဲ ဆောက်လုပ်သည့် ကန်ထရိုက်တိုက်အဆောက်အ အုံ ၁၀၀ ကျော်ကို စည်ပင်သာ ယာရေးကော်မတီက ဆောက်လုပ်ခွင့်ရပ်ဆိုင်းလိုက်သဖြင့် ကြိုပွိုင့်စနစ်ဖြင့် ၀ယ်ယူထားသော တိုက်ခန်းပိုင်ရှင်များအခက်အခဲ ဖြစ်နေကြောင်း သတင်းရရှိသည်။
ဆောက်လုပ်ဆဲ ကန်ထရိုက် တိုက် ၁၂၆ လုံး၏ အခန်းပေါင်း ၁၂၀၀ ကျော်ကို ကန်ထရိုက်ပိုင် ရှင်များက တိုက်ခန်းဝယ်ယူလိုသူ များထံ ကြိုပွိုင့်အရစ်ကျစနစ်ဖြင့် ရောင်းချထားခြင်းဖြစ်ပြီး အရစ် ကျသွင်းရသော ငွေကို ဆက်သွင်း ရန်ဆုံးဖြတ်ရခက်နေပြီး မသွင်းဘဲ ထားလျှင်လည်း စရန်ငွေဆုံးရှုံး မည်ကို တွေးပူနေရကြောင်း ကြို ပွိုင့်စနစ်ဖြင့် ၀ယ်ယူထားသူတိုက် ခန်းပိုင်ရှင်များထံမှ သိရသည်။

‘‘ကန်ထရိုက်ကို အရစ်ကျ ငွေဆက်သွင်းရမလား။ ရပ်ထား မယ်ဆိုလည်း ကြိုပေးထားတဲ့ စ ရန်ငွေဆုံးမှာလား။ ခုလုပ်ငန်းတွေ ရပ်နားလိုက်ရတော့ ကြိုပွိုင့်ဝယ် တဲ့လူတွေ နစ်နာတယ်။ ငွေမ သွင်းနိုင်ရင်လည်း စာချုပ်က ပျက်မယ်’’ဟု ကြိုပွိုင့်ဝယ်ယူထားသည့် ကိုသန့်ဇော်နိုင်ကဆိုသည်။

စာချုပ်အရ အဆောက်အ အုံဆောက်လုပ်ပြီး တစ်နှစ်ပြည့် လျှင် ကန်ထရိုက်က ၀ယ်ယူသူထံ အခန်းအပ်ရမည်ဟုပါရှိပြီး ကန် ထရိုက်က အကြောင်းအမျိုးမျိုး နှင့် မဆောက်နိုင်ပါက တန်ဖိုးငွေ သုံးဆပေးလျော်ရမည်ဖြစ် ကြောင်းနှင့် မြေနှင့် ပတ်သက်၍ ပြဿနာရှိလျှင် မြေပိုင်ရှင်က ရှင်းရမည်ဖြစ်ကြောင်း အရောင်းအ ၀ယ်ကတိပြုစာချုပ်ရာတွင် ထည့် သွင်းချုပ်ဆိုလေ့ရှိသည်။

ကြိုပွိုင့်ဝယ်ယူထားသူများ မှာ အိမ်မဖျက်မီကပင် စရန်၊ ပထမအရစ်၊ ဒုတိယအရစ်စသည် ဖြင့် သော့အပ်သည်အထိ အရစ်ကျပေးသွင်းရခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ရပ်ကွက်က ဆောက်လုပ်ခွင့်ရပ်ဆိုင်းခံရတဲ့ အနီရောင်ဆိုင်းဘုတ်တွေ မြန်မြန် ပြုတ်ကျစေချင်တယ်။ နိုင်ငံတော် က သက်သက်ညှာညှာစဉ်းစားပြီး လုပ်ကိုင်ခွင့်ပြန်ပေးစေချင်တယ်။ မြေရှင်တွေလည်း အဆင်ပြေ အောင်၊ အခန်းတွေကို ကြိုပွိုင့် ရောင်းထားတာတွေလည်း အဆင်ပြေအောင်လို့ပါ’’ဟု ရပ်ကွက်ဖွံ့ ဖြိုးရေးအထောက်အကူပြုဥက္ကဋ္ဌ ဦးမောင်မောင်ကဆိုသည်။

ကန်ထရိုက်တိုက်များ ဆောက်လုပ်ခွင့်ရပ်နားလိုက် သဖြင့် တိုက်ခန်းဝယ်ယူထားပြီး သူများသည် ရပ်ကွက်အုပ်ချုပ် ရေးရုံးတွင် လာရောက်တိုင်တန်း မှုအချို့ရှိပြီး ဆောက်လုပ်ခွင့် ပါမစ်မကျပါက တိုက်ခန်းဝယ်ယူ ထားသူနှင့် ကန်ထရိုက်များအ ကြား တရားစွဲဆိုမှုများရှိလာနိုင် ကြောင်း သတင်းရရှိသည်။

‘‘ခု ၁၂၆ လုံးမှာ လောလော ဆယ် အနီရောင်ဆိုင်းဘုတ် လာ ကပ်သွားတာ ၅၀ လာကပ်သွား တယ်။ ကျန်တဲ့အလုံးတွေက ဆိုင်းဘုတ်မလောက်လို့မကပ်ဘူး။ အ လုပ်သမားတွေလည်း မလုပ်ရဲလို့ ရှိသမျှ အလုပ်သမားတွေနားထား ရတယ်။ စားဝတ်နေရေးအခက် အခဲတွေ ရင်ဆိုင်နေရတယ်’’ဟု သင်္ဃန်းကျွန်းမြို့နယ် င/က ရပ် ကွက်ရှိ တိုက်ခန်း နှစ်ခန်းပိုင်ရှင် ကိုဇော်ဦးကဆိုသည်။

‘‘စည်ပင်နဲ့ ပါမစ်အမြန်ကျ အောင် လုပ်နေပါတယ်။ ပါမစ် တင်ထားတာလည်း ခုနစ်လ လောက်ကြာပြီ။ စည်ပင်မှာ ပါမစ် တွေက များနေလို့ မကျသေးတာ ပါ။ ဒီရက်ကွက်က သုံးပုံ နှစ်ပုံ လောက်တော့ ပါမစ်ကျမှာပါ’’ ဟု ကန်ထရိုက်တိုက်လုပ်ငန်းရှင် တစ်ဦးကဆိုသည်။

လူဦးရေတစ်သောင်းကျော် နေထိုင်သော ယင်းရပ်ကွက်တွင် ပါမစ်မရှိဘဲ ဆောက်လုပ်နေ သည့် ဆောက်လုပ်ရေးကုမ္ပဏီ ၁၅ ခုခန့်ရှိပြီး ၇၀ ရာခိုင်နှုန်းပြီးစီး နေသော အဆောက်အအုံများ၊ ၅၀ ရာခိုင်နှုန်းပြီးစီးသော အဆောက်အအုံများနှင့် ဖောင်ဒေးရှင်းချခါစ အဆောက်အအုံများ ပါဝင်သည်။

လိုင်စင်မဲ့ကန်ထရိုက်တာ ဖြင့် ဆောက်လုပ်ပါက ဖြစ်ပေါ် လာသော ပြဿနာများအားလုံး သည် မြေပိုင်ရှင်တွင်သာ တာဝန် ရှိကြောင်းအဆောက်အအုံ(အင် ဂျင်နီယာ) ဌာနမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

ကော်မတီ၏ ခွင့်ပြုချက်မရှိ ဘဲ အဆောက်အအုံဆောက်လုပ် ပါက မြေပိုင်ရှင်၊ ဆောက်လုပ် သူနှင့် အားပေးကူညီသူများ တရားစွဲဆိုခံရမည်ဖြစ်ပြီး တရား စွဲဆိုခြင်းခံရလျှင် ပုဒ်မ (၆၈) အရ ကျူးလွန်သူအား ဒဏ်ငွေကျပ် ၁၀,၀၀၀ မှ ၅၀,၀၀၀ ထိဖြစ်စေ၊ ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ ပြစ် ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း အဆောက်အအုံ(အင်ဂျင်နီယာ)ဌာနမှ သိရသည်။

ကော်မတီက ပုဒ်မ (၆၈) ဖြင့် တရားစွဲဆိုထားသည့် အဆောက် အအုံသည် ခွင့်ပြုချက်မရရှိသေး လျှင်သော်လည်းကောင်း၊ ပြန်ဖျက်သိမ်းခြင်း မရှိလျှင်သော်လည်းကောင်း၊ ပုဒ်မ ၆၉ အရ ကျူး လွန်သည့် ကိစ္စအသီးသီးအတွက် တစ်ရက်လျှင် အနည်းဆုံးဒဏ် ငွေတစ်သောင်းမှ ငါးသောင်းအ ထိဖြစ်စေ၊ ထောင်ဒဏ် တစ်နှစ် အထိဖြစ်စေ ချမှတ်ခြင်းခံရမည် ဖြစ်သည်။

အချို့တိုက်များသည် နား လည်မှုဖြင့် ဆောက်လုပ်နေခြင်း ဖြစ်ပြီး ဆောက်နေဆဲတိုက်များ တွင် ဂရန်ကိစ္စ၊ ပိုင်ဆိုင်မှုအရှုပ် အရှင်းကိစ္စများပေါ်ပေါက်သဖြင့် စည်ပင်သာယာက တားမြစ်လာ ခြင်းဖြစ်ကြောင်း ရှေ့တွင် တရားစွဲခံရင်း ဆက်လက်တည်ဆောက် သည့် တိုက်များကြောင့် နောက်လူများကလည်း ဆက်လက်ဆောက်ရင်း ယခုလို ပြဿနာကြီးထွားလာခြင်းဖြစ်ကြောင်း ယင်းရပ်ကွက်တွင် တိုက်ခန်းဝယ်ယူထားသူတစ်ဦး ကဆိုသည်။ ရန်ကုန်တိုင်းအတွင်း တရားဝင်ဆောက်လုပ်ခွင့်ပါမစ် မရှိဘဲ ဆောက်လုပ်နေခြင်းကြောင့် အရေးယူထားသည့် ကန်ထရိုက် တိုက် ၁,၀၀၀ ကျော်တွင် သင်္ဃန်း ကျွန်းမြို့နယ်၌ အရေးယူထား သည့်တိုက် ၅၀၀ ကျော်ပါဝင်ပြီး ဒုတိယအများဆုံးမှာ လှိုင်မြို့နယ် မှဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(အဆောက် အအုံ)မှ သိရသည်။

KOLATT(PBDN)

RangonNewsDaily


0 comments:

Post a Comment