Pages

Thursday, July 17, 2014

အရှေ့ အလယ်ပိုင်းနဲ့ ကမ္ဘာတစ်ခုလုံးငြိမ်းချမ်းရေးအတွက်ရည်ရွယ်ပြီး မွတ်စလင်နဲ့ ဂျူးတွေအတူတူ ဥပုသ်စောင့်

ပုံအညွှန်း > မွတ်စလင်နဲ့ ဂျူးတစ်ယောက်အပြန်အလှန်ပွေ့ ဖက်နှုတ်ဆက်စဉ်
RangonNewsDaily:: July . 17 .2014
ဇူလိုင် ၁၅ရက်နေ့ ညမှာတော့ နယူးယောက်မြို့ ရဲ့ ဆိုင်ရာကူးစ်အရပ်မှာ မွတ်စလင်တွေနဲ့ ဂျူးတွေဟာ ရေတစ်ခွက်၊ စွံပလွန်သီးတစ်လုံးစားပြီး (စဲဟ်ရီစားပြီး) အတူတကွ ရိုဇာဥပုသ်စောင့်ခဲ့ကြပါတယ်။

အရှေ့ အလယ်ပိုင်းမှာတော့ ပါလက်စတိုင်းတွေအပေါ်လေကြောင်းကနေဇီယွန်ဝါဒီဂျူးတွေဗုံးကြဲပြီး ပါလက်စတိုင်းတွေက ဇီယွန်ဝါဒီတွေကို ရော့ကတ်နဲ့ ပြန်ထုနေတဲ့အချိန် နယူးယောက်က ဂျူးနဲ့ မွတ်စလင်တွေကတော့ အတူတကွ ဥပုသ်စောင့်ပြီး သင့်မြတ်မှုကိုပြခဲ့ကြပါတယ်။ ဂျူးတွေရဲ့ တာမုဇ်ဥပုသ်စောင့်ချိန်ဟာလည်း မွတ်စလင်တွေရဲ့ ထူးမြတ်တဲ့ ရမ်ဇန်ဥပုသ်လနဲ့ တိုက်ဆိုင်နေတယ်လို့ သိရတယ်။
“အတူတကွဥပုသ်စောင့်ပြီး ချစ်ကြီးရေးကိုပိုခိုင်မာအောင်လုပ်နေတာပါ၊ တစ်ယောက်နဲ့ တစ်ယောက်အတူတူထိုင်ပြီး လေးလေးစားစားဆက်ဆံမှုကိုပြသခဲ့ကြတယ်။ တစ်ယောက်ဥပုသ်အကြောင်းတစ်ယောက်ပြောပြပြီး ဗဟုသုတတွေဖလှယ်ခဲ့ကြတယ်” လို့ နယူးယောက်အခြေစိုက် မွတ်စလင်အဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ Islamic Society of Central New York ရဲ့ ဥက္ကဌဖြစ်သူ မိုဟမ္မဒ် ခါတာကပြောပါတယ်။
အမေရိကန်ရဲ့ တခြားမြို့ တော်တော်များများမှာလည်း အရှေ့ အလယ်ပိုင်းမှာငြိမ်းချမ်းရေးရရှိဖို့ အတွက်ရည်ရွယ်တဲ့အနေနဲ့  ဂျူးတွေနဲ့ မွတ်စလင်တွေအတူတကွဥပုသ်စောင့်ဖို့ စဲဟ်ရီစားခဲ့ကြပါတယ်။
“တစ်ဖက်နဲ့ တစ်ဖက်အဆင်ပြေပြေနေနိုင်တယ်၊ ယုံကြည်မှုအပြန်အလှန်ရှိတယ်ဆိုတာကိုများများပြနိုင်လေလေ၊ အရှေ့ အလယ်ပိုင်းနဲ့ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးအတွက် ပိုမျှော်လင့်နိုင်လေလေပါပဲ” လို့ ဂျူးဘာသာရေးဆရာ ရက်ဘီ ဒါနီယယ် ဖဲလ်မင်းကပြောပါတယ်။
“ဒီလိုအတူတူ ဥပုသ်စောင့်ဖို့ စားတာက အရှေ့ အလယ်ပိုင်းအတွက်သက်ရောက်မှုရှိတယ်လို့ ထင်လားလို့ မေးရင်တော့ သေချာပေါက်ရှိတယ်ဆိုတာ ယုံကြည်ပါတယ်။ စင်္ကြာဝဠာတစ်ခုလုံးမှာ မေတ္တာဆိုတာအခိုင်မြဲဆုံးပါပဲ။ ဒီညမှာအပြန်အလှန် မေတ္တာထားပြီး ချစ်ခင်ရင်းနှီးမှုကိုပြသနိုင်ခဲ့ကြပါတယ်။ ဒီညအတူတကွစားသောက်လိုက်ခြင်းက အပြောင်းအလဲတစ်စုံတစ်ရာဖြစ်လိမ့်မယ်ဆိုတာယုံကြည်ပါတယ်” လို့ Trinity Episcopal ချာခ်ျကျောင်းက အငြိမ်းစားဥက္ကဌဖြစ်တဲ့ ၀ီလီယံ ရဒ်ဖီးလ်ကပြောပါတယ်။
ကိုးကား > cnycentral
(စတီဗင်)
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment