Pages

Thursday, July 17, 2014

နေမ၀င်၊ နေမထွက်တဲ့အရပ်က မွတ်စလင်တွေ ဘာသာရေးကိစ္စကိုဘယ်လိုဖြေရှင်းကြသလဲ?

ပုံအညွှန်း > နေရောင်တောက်ပနေတဲ့ ဆွီဒင်နိုင်ငံ ကီရူနာမြို့ ရဲ့ ညသန်းခေါင်
RangonNewsDaily:: July . 16 .2014
စကန်ဒီနေးဗီးယားမြောက်ပိုင်းဒေသတွေမှာ နွေရာသီဆိုရင် နေမ၀င်ပါ။ တခြားလူတွေအတွက်သိပ်တော့ပြသနာမရှိပေမယ့် မွတ်စလင်တွေအတွက်တော့ ရမ်ဇန်လိုလမျိုးမှာ ဒုက္ခရောက်ပါတယ်။ ရိုဇာဥပုသ်စောင့်ရင် နေမထွက်ခင်စားပြီး နေပြန်ဝင်တော့မှ စားရတဲ့အတွက် တစ်နေကုန်နေမ၀င်တော့ဒုက္ခရောက်ရတယ်။

ဒါကြောင့်ဒီပြသနာကို စကန်ဒီနေးဗီးယန်းမြောက်ပိုင်းသားတွေအဖြေရှာရပါတော့တယ်။ အာတိတ်ဒေသဆွီဒင်နိုင်ငံက မြို့ တစ်ခုဖြစ်တဲ့ ကီရူနာမြို့ မှာ မွတ်စလင်ပေါင်း ၇၀၀လောက်ရှိပေမယ့် ဘာသာရေးအဖွဲ့ အစည်းဆိုတာမျိုးမရှိဘူး။ ဒါကြောင့် ရိုဇာထားတဲ့အချိန်တွေကို နေမ၀င်တဲ့အတွက် တခြားဒေသကအနီးစပ်ဆုံးအချိန်တွေအတိုင်းလိုက်လုပ်ရတယ်။ 
တချို့ က ဆော်ဒီနိုင်ငံ မက္ကာဟ်မြို့ က အချိန်ဇယားအတိုင်း ရိုဇာစောင့်ကြပြီး တချို့ ကတော့ အနီးစပ်ဆုံးမြို့ ဖြစ်တဲ့ စတော့ခ်ဟုမ်းမြို့ က အချိန်ဇယားအတိုင်း ထားကြပါတယ်။ စတော့ခ်ဟုမ်းမှာတော့ နေ၀င်နေထွက်ရှိပေမယ့်လည်း နေ၀င်ချိန်ဟာ အခိုက်အတန့် လေးတစ်ခုသာကြာပါတယ်တဲ့။
ဆောင်းတွင်းမှာတော့ နေပြသနာကပြောင်းပြန်ဖြစ်သွားတယ်။ နေတစ်ခါဝင်သွားရင် နှစ်ပါတ်လောက်ကြာတဲ့အထိ ပြန်မထွက်လာတော့ဘူး။ ဒီတော့ ရိုဇာထားရင်ပြသနာတတ်တာတင်မကတော့ပဲ တစ်နေ့ ငါးကြိမ်ဝတ်ပြုရတဲ့ နမားဇ်တာဝန်အတွက်ပါ အခက်အခဲတွေရှိလာတယ်။ ဒီအခက်အခဲကိုလည်း ရိုဇာတုန်းကလိုပဲ အနီးစပ်ဆုံးမြို့ တစ်ခု ဒါမှမဟုတ် မက္ကာဟ်မြို့ က အချိန်ဇယားအတိုင်းဖြေရှင်းကြတယ်လို့ မှတ်သားရပါတယ်။
ကိုးကား > World Bulletin(စတီဗင်) 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment