Pages

Thursday, July 17, 2014

ကမ္ဘာ့ ဖလားဆုကြေးငွေတွေကို ဂါဇာကလေးငယ်တွေအတွက် လှုဒါန်းမယ့် အိုဇေးလ်


RangonNewsDaily:: July . 17 .2014
အာဆင်နယ်ကလပ်အသင်းမှာကစားတဲ့ ဂျာမန်ဘော်လုံးသမား မီစွတ် အိုဇေးလ်က ကမ္ဘာ့ ဖလားမှာသူရခဲ့သမျှဆုကြေးငွေတွေကို ဂါဇာကကလေးငယ်တွေအတွက်လှုဒါန်းသွားမယ်လို့ ပြောလိုက်ပါတယ်။

ဂျာမန်အသင်းကမ္ဘာ့ ဖလားဆွတ်ခူးနိုင်ခဲ့တဲ့အတွက် ဂျာမန်ဘောလုံးအဖွဲ့ ချုပ်က ကစားသမားတစ်ယောက်ကို ယူရို သုံးသောင်းစီဆုကြေးငွေချခဲ့ပါတယ်။ ဒါတင်မကသေးပဲ ဆီမီးဖိုင်နယ်နိုင်တုန်းကလည်း တစ်ယောက်ကို ယူရိုတစ်သောင်းခွဲစီ ဆုချခဲ့ပါတယ်။ ပွဲစဉ်တိုင်းမှာအောင်မြင်မှုအတွက်လည်းတခြားဆုကြေးငွေတွေကို ချီးမြှင့်ပါသေးတယ်။
ဂျာမဏီရဲ့ ဘောလုံးကြယ်ပွင့် အိုဇေးလ်က လူမှုကွန်ယက် စာမျက်နှာတွေမှာလည်း နာမည်ကြီးသူဖြစ်ပြီး အာဂျင်တီးနားအသင်းနဲ့ ဖိုင်နယ်မကန်ခင် ကွင်းထဲမှာကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်သရစ္ဇျာယ်ခဲ့တဲ့အပြင် ပွဲအပြီးအနိုင်ရတော့ ဖန်ဆင်းရှင်ကိုကျေးဇူးတင်တဲ့ပုံစံမျိုးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင်အိုဇေးလ်ဟာ အစ္စရေးရဲ့ လုပ်ရပ်တွေကိုထောက်ခံတဲ့ ဖီဖာတာဝန်ရှိသူတစ်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့တဲ့အတွက် ပရိသတ်တွေစိတ်ဝင်တစားရှိခဲ့ရပါသေးတယ်။
အိုဇေးလ်ဟာ တူရကီနွယ်ဖွား ဂျာမဏီနိုင်ငံသားတစ်ယောက်ဖြစ်ပြီး အစ္စလာမ်ဘာသာကိုကိုးကွယ်တဲ့ မွတ်စလင်တစ်ယောက်ပါ။
ကိုးကား > middleeastmonitor via Freddy
(စတီဗင်)
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment