Pages

Sunday, July 27, 2014

ရုရှားတီဗီမှ ဗြိတိသျှသတင်းထောက် ယူကရိန်းစစ်တပ်၏ ဖမ်းဆီးခြင်းခံရ

RangonNewsDaily:: July . 26 .2014
ရုရှားရုပ်မြင်သံကြား ချန်နယ် အတွက် လက်နက်ကိုင်ပဋိပက္ခ ဖြစ် နေသည့် ယူကရိန်းမှ သတင်းပေးပို့ နေ

သော ဗြိတိသျှသတင်းထောက်တစ် ဦးသည် ဇူလိုင် ၂၃ ရက်၌ ပျောက်ဆုံး နေကြောင်း၊သူနှင့် တခြားသတင်း
ထောက်တစ်ယောက်တို့သည် ယူက ရိန်းစစ်တပ်၏ ဖမ်းဆီးခြင်းခံရသည် ဟု ရုရှားက စွပ်စွဲလိုက်သည်။
ဗြိတိန်နိုင်ငံသား ဂရေဟမ် ဖိလစ်ပ်သည် နိုင်ငံပိုင်ချန်နယ် RT ( ယခင် Russia Today) အတွက် ကော်လံစား
သတင်းထောက်လုပ်နေ သည်။ သူသည် ဒိုနက်စ်ခ် လေဆိပ် အနီးဝန်းကျင်တွင် ဇူလိုင် ၂၂ ရက်၌ ပြင်းပြင်း
ထန်ထန် ဖြစ်နေသောတိုက်ပွဲသတင်းယူရန်သွားခဲ့သည်။သို့သော် RT က သူနှင့် ဇူလိုင် ၂၃ ရက် အ စောပိုင်း
နာရီကတည်းက အဆက် အသွယ် ပြတ်သွားခဲ့သည်ဟု ဆို သည်။

ဖိလစ်ပ်သည် အန်နာ-နယူးစ်ဓာတ်ပုံသတင်းထာက်တစ်ဦးနှင့်အတူ ပျောက်သွားသည်ဟု ရုရှားနိုင်ငံ ခြား

ရေးဝန်ကြီးဌာနက ဆိုသည်။ရရှိသော သတင်းအရမူသူတို့ သည်ယူကရိန်းတပ်ဖွဲ့များ၏ဖမ်းဆီး ခြင်းခံရ
သည်ဟု နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ကြေညာချက်က ဆိုသည်။

ယင်းမှာ လွတ်လပ်သော နိုင်ငံ တကာသတင်းစာဆရာများကို အဓိက ပစ်မှတ်ထားသည့် ယူကရိန်းအာဏာ ပိုင်များ၏ ရန်စမှုဖြစ်သည်ဟူ၍လည်း ထုတ်ပြန်ကြေညာချက်၌ ဖော်ပြထား သည်။


ယူကရိန်း သတင်းထောက် တစ်ဦးသည် ရုရှားလိုလားသောသူပုန်များ၏သွေးဆောင်ဖြားယောင်း ခေါ်ယူခြင်း

ခံရသည်ဟု ယူကရိန်းရှိ အမေရိကန်သံအမတ်ကြီးက ဆို သည်။ ယူကရိန်းသတင်းထောက် သည် CNN အတွက် အလုပ်လုပ် နေစဉ် ဟိုတယ်တစ်ခုမှ သွေးဆောင် ဖြားခေါ်ယူခြင်း ခံရသည်ဟု ဒို နက်စ်ခ်-အခြေ
စိုက် Website 62.ua က သတင်းများကို ကိုးကား၍ဖော်ပြ သည်။

CNA ,Yangon Media, KOLATT(PBDN)
RangonNewsDaily


 

0 comments:

Post a Comment