Pages

Sunday, July 27, 2014

ခုနစ်နှစ်သမီးကို အုပ်စုဖွဲ့ အဓမ္မကျင့် သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံရသူသုံးဦးကို ကျေးရွာက ဝိုင်းဝန်းတိုက်ခိုက်၊ တစ်ဦးသေ နှစ်ဦး ပြင်းပြင်းထန်ထန်ဒဏ်ရာရ

RangonNewsDaily:: July . 26 .2014
အိန္ဒိယနိုင်ငံတွင် အသက်ခုနစ် နှစ်အရွယ် မိန်းမငယ်တစ်ဦးအား အုပ်စုဖွဲ့ အဓမ္မကျင့်ကာ ကြိုးဆွဲချ သတ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသော လူ သုံးဦးကို ရွာသားများက ဝိုင်း၍တိုက် ခိုက်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ရပြီး ကျန် နှစ်ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါ ပြည်နယ်ရှိ ခါလီယာဘာကာကျေးရွာ အနီးမှ သစ်ပင်တစ်ပင်ပေါ်တွင် ကြိုး ဆွဲချ သေဆုံးနေသော မိန်းမငယ် လေးအလောင်းကို တွေ့ရှိခဲ့ပြီးနောက် ဒေါသထွက်နေသော ရွာသူရွာသား များက ထိုမိန်းကလေးနှင့်အတူ နောက် ဆုံးတွေ့ရှိခဲ့ရသော ရိုးရာနတ်ဆေး ဆရာ၏နေအိမ်သို့ သွားရောက်စု ဝေးခဲ့ကြသည်။

ဒေါသထွက်နေသော လူအုပ်ကြီး က ရာတန်ဒက်စ်ဟု အမည်ရသော ရိုးရာနတ်ဆေးဆရာ၏နေအိမ်အား မီးရှို့ခဲ့ပြီး ၄င်းနှင့်အတူရှိနေသော အခြားလူနှစ်ဦးကိုလည်း ပြင်းပြင်း ထန်ထန် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည်။

ရွာသူရွာသားများ၏ ဒေါသ ကြောင့် နတ်ဆေးဆရာသည် ဆေးရုံ သို့အရောက်တွင် သေဆုံးခဲ့ရပြီး ကျန် လူနှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့ရသည်။ အိန္ဒိယနိုင်ငံ၏ သတင်းစာ တစ်စောင်တွင် ဖော်ပြချက်အရ သေဆုံး သူ မိန်းမငယ်လေးသည် ဈေးဝယ် သွားစဉ် လွန်ခဲ့သောညပိုင်း၌ ပျောက် ဆုံးခဲ့ကြောင်း ယင်းကို ရွာသားများ စုဝေးကာ ပျောက်ဆုံးနေသူအား ရှာဖွေရင်း နောက်ဆုံးတွင် ကြိုးဆွဲချ သေဆုံးနေသော ကလေးငယ်အား တွေ့ရှိခဲ့ရသည်ဟု သိရသည်။

ယင်းနောက် ရွာသားများက ထိုဖြစ်ရပ်သည် ဥတာပရာဒေ့ရှ်ပြည် နယ်မှ ညီအစ်မနှစ်ဦးကဲ့သို့ ဖြစ်နိုင် ကြောင်းတစ်ယောက်တစ်ပေါက် ဝေဖန်ခဲ့ရာမှ
နောက်ဆုံးတွင် အဆိုပါ အမျိုးသမီးငယ်နှင့် နောက်ဆုံး အတူ တူ တွေ့ခဲ့သူ နတ်ဆေးဆရာအား သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟု ဖော်ပြထားသည်။

သို့သော် ရဲတပ်ဖွဲ့က ကလေး ငယ်သည် အဓမ္မကျင့်သတ်ဖြတ်ခံခဲ့ ရသည်ဆိုသော သက်သေအထောက် အထားမျိုး မတွေ့ရသေးသည့်အတွက် ရင်ခွဲစစ်ဆေးမှုအဖြေကို စောင့်နေ သည်ဟု ဆိုသည်။

ထို့အပြင် သေဆုံးသူ၏မိသားစု နှင့်နတ်ဆေးဆရာတို့ကြားတွင်အတိတ်ကာလမှ ရန်ငြိုးရန်စများ ရှိခဲ့ ခြင်းအတွက် ထိုအမှုကို ဆက်လက် စုံစမ်းသွားမည်ဟုလည်း ဆိုသည်။

Mail Online , Yangon Media , KOLATT(PBDN)
RangonNewsDaily


 

0 comments:

Post a Comment