Pages

Thursday, July 24, 2014

ယူနတီ သတင်းထောက်များ၏ အယူခံ မကွေးတိုင်းဒေသကြီး တရားလွှတ်တော် လက်ခံကြားနားမည်

RangonNewsDaily:: July . 24 .2014
ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရသည့် ယူနတီဂျာနယ် သတင်းထောက် ၄ ဦး၏ အယူခံကို မကွေးတိုင်းဒေ

သကြီး တရားလွှတ်တော်က ဇူလိုင် ၂၁ ရက်နေ့တွင် လက်ခံခဲ့ကြောင်း သတင်းထောက်များ၏ အမှုကို လိုက်လံ ဆောင်ရွက် ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
ပခုက္ကူ ခရိုင်တရားရုံးမှ စီရင်ချက် မိတ္တူကို ဇူလိုင်လ ၁၆ ရက်နေ့တွင် ရရှိခဲ့ပြီးနောက် သုံးရက်ခန့် လေ့လာကာ အယူခံ တင်ပြခဲ့ခြင်း ဖြစ်ပြီး တရားလွှတ်တော် တရားသူကြီးကိုယ်တိုင် လက်ခံခဲ့ကြောင်း ၎င်းကဆိုသည်။

စီရင်ချက်မှာ တရားလိုကို အသားပေး သုံးသပ်ထားခြင်း ဖြစ်ပြီး တရားခံများကို အလေးပေးမှု မရှိကြောင်း
ကို တွေ့ရှိခဲ့ကြောင်း၊ အယူခံလွှာကို တင်ပြရာတွင် တင်ပြသည့်ရက်မှ စတင်၍ ၄၅ ရက်ခန့် စောင့်ဆိုင်းပြီး
 နှစ်ဖက်ရှေ့နေများ လျှောက်လဲချက် ပေးရမည် ဖြစ်ကြောင်း ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

အမှုဆောင်အရာရှိချုပ်ကို အယူခံ တင်ပြနိုင်ရန်အတွက် စီရင်ချက် မိတ္တူကိုမူ ဇူလိုင်လ ၁၈ ရက်နေ့မှသာ ရရှိ

သည့်အတွက် လေ့လာနေပြီးယခုတစ်ပတ်အတွင်းတင်ပြနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်းအမှုဆောင်
အရာရှိချုပ်၏ အမှုကို လိုက်လံ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်လင်းက ပြော
ကြားသည်။

တားမြစ်နယ်မြေအတွင်းခွင့်ပြုချက်မရဘဲချဉ်းကပ်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်း၊ ကျော်ဖြတ်ခြင်း၊ ဝင်ရောက်ခြင်း

၊ ဓာတ်ပုံရိုက်ယူခြင်းတို့ကြောင့် ပခုက္ကူခရိုင် တရားရုံးမှ ဇူလိုင်လ ၁၀ ရက်နေ့တွင် အမှုဆောင်အရာရှိချုပ် အပါအဝင် ၅ ဦးကို မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေ ၃ (၁) (က)/၉ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။

ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနှင့် အကြီးတန်း သတင်းထောက် ဦးရာဇာဦး၊ ဦးပိုင်

သက်ကျော်၊ အငယ်တန်း သတင်းထောက် ဦးစည်သူစိုးနှင့် နယ်သတင်းထောက် ဦးလူမော်နိုင်တို့သည် ပခုက္ကူ အကျဉ်းထောင်တွင် ထောင်ဒဏ် ကျခံနေရသည်။

The Voice , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment