Pages

Thursday, July 24, 2014

ယူကရိန်း၏ ဖိုက်တာဂျက်တိုက်လေယာဉ် နှစ်စင်း ပစ်ချခံရ

RangonNewsDaily:: July . 24 .2014
ယူကရိန်း ၏ ဂျက်တိုက်လေယာဉ် နှစ်စင်းကို ယူကရိန်းအရှေပိုင်း ဒေသရှိ ယူကရိန်းခွဲထွက်ရေး သူပုန်များက ယနေ့ ဗုဒ္ဓဟူးနေ့က ပစ်ချခြင်း ခံခဲ့ကြောင်း သိရသည်။ ရှရှားခွဲထွက်ရေး သူပုန်များ၏ အစိုးရကို ထပ်မံတိုက်

ခိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း ယူကရိန်းတပ်မတော်ရုံးက ပြောကြားခဲ့သည်။
လေယာဉ်ပေါ်လိုက်ပါလာသည့် လေယာဉ်မှုးများမှာ အရေးပေါ်ထွက်ပေါက်များမှတစ်ဆင့် ထွက်ခွာနိုင်
ခဲ့သော်လည်း အဆိုပါသတင်းအချက်အလက်အပေါ် ချက်ချင်း အတည်မပြုနိုင်သေးကြောင်း ပြောကြား
သည်။

လေကြောင်းရန်ကာကွယ်ရေးစနစ်၏ ပစ်ခတ်မှုကြောင့် ပျက်ကျရခြင်းဖြစ်ကြောင်း အဆိုပါ တပ်မတော်တာ

ဝန်ရှိသူက ထပ်မံပြောကြားခဲ့သည်။ ယခုပစ်ချခံရသော တိုက်လယာဉ်နှစ်စင်းမှာ မလေးရှားလေးယာဉ် MH 17 ပျက်ကျခဲ့သည့် နေရာနှင့် သိပ်မဝေးကြောင်းလည်း သိရသည်။

လွန်ခဲ့သော ရက်အနည်းငယ်က ခရီးသည် ၂၉၈ ဦး လိုက်ပါလာသည့် မလေးရှားလေကြောင်းလိုင်းပိုင် MH 17 ကို ပစ်ချခဲ့ပြီးနောက် ယခုပစ်ချခံရခြင်းမှာ ဒုတိယမြောက်ဖြစ်သည်။


ယခင်တုန်းကလည်း ရှရှားခွဲထွက်ရေးသူပုန်များက ယူကရိန်းလေယာဉ်တစ်စီးကို ယခုကဲ့သို့ပင် ပစ်ချခဲ့ဖူး

ကြောင်းအဆိုပါ တပ်မတော်တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောကြားခဲ့သည်။

CNN , Yangon Media , KOLATT(PBDN)
RangonNewsDaily



 

0 comments:

Post a Comment

 
world time